CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂

ပီအက်စ်ဂျီကြယ်ပွင့် နေမာဟာ ကိုယ်ဝန်ရှိနေတဲ့ ချစ်သူ ဘီယန်ကာဒီကို လူသိရှင်ကြား တောင်းပန်မှုပြုလုပ်တဲ့ အချိန်မှာ အမှားပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

နေမာနဲ့ ဘီယန်ကာဒီတို့ဟာ သူတို့နှစ်ဦးရဲ့ ပထမဆုံး ရင်သွေးလေးကို ပိုင်ဆိုင်ထားတဲ့ အကြောင်းကို ဧပြီလက ကြေညာခဲ့ပါတယ်။ 

ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ အရင်ချစ်သူဟောင်းဖြစ်သူ ကာရိုလီနာဒန်တက်စ်နဲ့ ၁၂ နှစ်အရွယ်ရှိ သားတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

လူအများအပြားဟာ နေမာရဲ့ အချစ်ရေးကို အာရုံစူးစိုက်မှုတွေရှိနေတဲ့ အချိန်မှာ ဘရာဇီးလ်ကစားသမားဟာ အဆင်မပြေမှုတွေရှိနေတဲ့ အချစ်ရေးကို ဖွင့်ဟခဲ့တာပါ။

နေမာက “ကျနော် အမှားလုပ်ခဲ့မိပါတယ်။ သူမဟာ ကျနော့်ဘေးမှာရှိခဲ့တဲ့ အိပ်မက်မက်ခဲ့တဲ့ အမျိုးသမီး၊ ကျနော့် ကလေးရဲ့ အမေပါ။ သူမကို ကျနော့်ရဲ့ အသုံးမကျတဲ့ အရာတွေ၊ အမှားတွေအတွက် တောင်းပန်ခဲ့ပြီးပါပြီ။ ဒါပေမယ့် လူသိရှင်ကြား ထပ်ပြီး အတည်ပြုဖို့ လိုတယ်လို့ ခံစားရပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စဟာ လူသိ ရှင်ကြားဖြစ်ခဲ့ရင် တောင်းပန်မှုကို လူသိရှင်ကြား ထုတ်ပြန်သင့်ပါတယ်။ ကျနော်တို့ နှစ်ဦးကြားမှာ အဆင်ပြေပါ့ မလားဆိုတာ မသိပေမယ့် ကျနော်ကြိုးစား ကြည့်ချင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်

နေမာနဲ့ ချစ်သူ ဘီယန်ကာဒီကို တွေ့ရစဉ်

နေမာဟာ အခုနွေရာသီမှာ ကွင်းအတွင်းရော၊ ကွင်းပြင်ပ ကိစ္စရပ်တွေဟာ ခေါင်းကြီးပိုင်း သတင်းတွေလို ဖော်ပြ ခံနေရပြီး ပီအက်စ်ဂျီမှာ ဘယ်လောက်ကြာကြာ ဆက်ရှိမလဲဆိုတာကိုလည်း မေးခွန်းထုတ်တာ ခံနေရပါတယ်။

နေမာဟာ အခုနွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အသင်းဟောင်း ဘာစီလိုနာ အပါအဝင် အသင်းကြီး တချို့ရဲ့ ချိတ်ဆက်မှုတွေကို ခံနေရပါတယ်။

ကမ္ဘာ့ဈေး အကြီးဆုံး ကစားသမားအဖြစ် ယူရိုသန်း ၂၀၀ ကျော်နဲ့ ပီအက်စ်ဂျီ အသင်းထံ ရောက်ရှိလာခဲ့တဲ့ နေမာနဲ့ ပြင်သစ်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူခဲ့ရပြီး အခုအချိန်မှာ ဒဏ်ရာကနေ ပြန်လည် သက်သာနေပြီလည်း ဖြစ်ပါတယ်။

Source: Goal