CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

စပါးအသင်းဟာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းနည်းပြ ပိုစတီကိုဂလူးကို ၂ နှစ်စာချုပ်နဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ်ရှိ သြစတြေးလျနိုင်ငံသား နည်းပြဟာ ဆဲလ်တစ်အသင်းကို အခုနှစ်ရာသီ ပြည်တွင်းဖလား ၃ လုံးစလုံး ရယူနိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ နည်းပြကွန်တီကို ထုတ်ပယ်ခဲ့တဲ့ မတ်လကတည်းက နည်းပြသစ် ရှာဖွေနေတာဖြစ်ပြီး စတယ်လီ နီနဲ့ ရိုင်ယန်မေဆင်တို့က ယာယီနည်းပြတွေအဖြစ် အသင်းကို ကိုင်တွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပိုစတီကိုဂလူးကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခြင်း မပြုလုပ်ခင်မှာ သဘောတူညီ မှုရဲ့ နောက်ဆုံး အစိတ်အပိုင်းတွေကို အပြီးသတ် လုပ်ဆောင်နေပါတယ်။

ပိုစတီကိုဂလူးဟာ ၂၀၂၁ မှာ ဆဲလ်တစ်အသင်းကို မကိုင်တွယ်ခင် ဥရောပမှာ ဂရိ အောက်တန်းလိဂ်ကလပ် ပန်နာချာကီအသင်းကို ၂၀၀၈ က ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံ တစ်ခုတည်းသာရှိခဲ့ ပါတယ်။

ပိုစတီကိုဂလူးဟာ ဘရစ်စဘိန်းရိုအာအသင်းနဲ့ အေလိဂ်ဖလားကို ရရှိခဲ့သလို ဂျပန်ကလပ် ယိုကိုဟားမားအသင်းနဲ့ အမှတ်ပေးလိဂ်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ်ရှိ နည်းပြဟာ သြစတြေးလျ လက်ရွေးစင်အသင်းကို ၂၀၁၃ ကနေ ၂၀၁၇ အထိ ကိုင်တွယ် ခဲ့ပြီး ၂၀၁၅ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပါတယ်။

ပိုစတီကိုဂလူးကို တွေ့ရစဉ်

ပိုစတီကိုဂလူး ကိုင်တွယ်မယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၈ နဲ့ ရာသီ အဆုံးသတ်ခဲ့ပြီး ၂၀၀၉-၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။

ပိုစတီကိုဂလူးဟာ မော်ရင်ဟို၊ နူနိုဆန်းတို့စ်နဲ့ ကွန်တီတို့ပြီးနောက် စပါးအသင်းရဲ့ ၄ ဦးမြောက် အမြဲတမ်းနည်းပြ ဖြစ်လာမှာ ဖြစ်ပါတယ်။

ပိုစတီကိုဂလးဟာ စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခံရချိန်မှာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ အခြေအနေကို ကိုင်တွယ် ဖြေရှင်းရဖို့ ရှိနေပြီး အင်္ဂလန်အသင်း ခေါင်းဆောင်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်းတို့က စိတ်ဝင်စားနေတာပါ။

ဒါအပြင် စပါးအသင်း ဥရောပပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့်ရဖို့နဲ့ ဆုဖလားအောင်မြင်မှုတွေ ရဖို့အတွက်ကိုလည်း ကိုင်တွယ်ပေးရတော့မှာ ဖြစ်ပါတယ်။

Source: BBC