CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ဒီရာသီမှာ အသင်းကို သမိုင်းဝင် ဆုဖလား ၃ လုံး ရအောင် ကူညီဖို့ အတွက် အရာအားလုံး လုပ်ဆောင်မယ်လို့ ပြောလိုက်ပါတယ်။

ဟာလန်းက “ဒီသမိုင်းကို ဖန်တီးဖို့က အစစ်အမှန် မဟုတ်ပါဘူး။ သူတို့ဟာ ဒီလိုမျိုး အောင်မြင်မှုကို ရယူနိုင် ဖို့အတွက် ကျနော်ကို ဝယ်ယူခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒါက အရာအားလုံးကို ဆိုလိုတာပါ။ ဒီလိုမျိုးအရာတွေ ဖြစ်လာဖို့အတွက်လည်း ကျနော်တက်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျနော့်ရဲ့ အကြီးမားဆုံး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်”လို့ BBC Sports ကို ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိထားပြီး၊ FA ဖလားနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း ရောက်ရှိ ထားပြီးဖြစ်လို့ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၉၉ က ဒီဆုဖလား ၃ လုံးစလုံးကို ရယူထားတာဖြစ်ပြီး အင်္ဂလန်မှာ ဒီလိုမျိုး အောင်မြင်မှုရခဲ့တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရှိခဲ့တာပါ။

ဟာလန်းကို တွေ့ရစဉ်

အဲဒါကြောင့် မန်စီးတီးအသင်းဟာ အခုနှစ် ရာသီမှာ မြို့ခံပြိုင်ဘက်ရဲ့ အောင်မြင်မှုမျိုးကို ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။

ဟာလန်းက “ ဒါပေမယ့် ဒါက မလွယ်ကူပါဘူး။ ကျနော်တို့ဟာ အသင်းကောင်း ၂ သင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး သူတို့ဟာ ဒါကို ဖျက်ဆီးနိုင်ဖို့ လုပ်ကြပါလိမ့်မယ်။ ကျနော်တို့က အကောင်းဆုံး ကစားခဲ့မယ်ဆိုရင် ဒါကို အောင်မြင်မှု ရယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းတွေ ရှိပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အားလပ်ရက် မတိုင်ခင် ဒီဗိုလ်လုပွဲ ၂ ပွဲကို အာရုံစိုက်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃၆ ဂိုးသွင်းပြီး ရွှေဖိနပ်ဆု ရယူနိုင်ခဲ့တာ အပါအဝင် ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၅၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဇွန်လ ၃ ရက်မှာ FA ဖလား ဗိုလ်လုပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: BBC