CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၃

မြန်မာအမျိုးသမီး အသင်းဟာ ဆီးဂိမ်းစ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် မေလ ၃ ရက်နေ့ ညပိုင်းက ဖိလစ်ပိုင်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါ တယ်။

ဒုတိယပိုင်းမှာလည်း ဂိုးရမယ့် အခွင့်အရေးတွေ ကိုယ်စီရခဲ့ပေမယ့် ခံစစ် ကစားသမားတွေက နောက်တန်းတွေ ကာကွယ်နေလို့ သွင်းဂိုးတွေ မရခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာ ဖိလစ်ပိုင် နောက်ခံလူက မြန်မာကစားသမားကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့လို့ မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဝင်းသိင်္ဂိထွန်းက အမှားအယွင်းမရှိ ကန်သွင်းပြီး မြန်မာ အမျိုးသမီးအသင်းကို အဖိုးတန် အနိုင်ဂိုးနဲ့ ၃ မှတ် ရရှိစေခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မေလ ၆ ရက်မှာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။