CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးဟာ အိမ်ပြန်တဲ့ခရီးမှာ သေဆုံးသွားခဲ့တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နော်တင်ဟမ်က အတွေ့အကြုံရှိ အပြေးသမား စတိဗ်ရှန့်စ်ဟာ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ၂ နာရီ ၅၃ မိနစ် ၂၆ စက္ကန့်နဲ့ ပြိုင်ပွဲကို ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခဲ့တာပါ။စတိဗ်ရှန့်စ် သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကို ဆေးစစ်ချက်နဲ့ နောက်ပိုင်းမှာ ဖော်ထုတ်သွားမယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ပြောခဲ့ပါတယ်။

“လန်ဒန်မာရသွန်မှာ ပါဝင်ခဲ့တဲ့ လူတိုင်းဟာ စတိဗ်ရှန့်စ်ရုတ်တရက်သေဆုံးသွားတဲ့အကြောင်းကို ကြားသိခဲ့ရလို့ အလွန်စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြိုင်ပွဲစီစဉ်သူတွေက ထုတ်ပြန်ထားတာပါ။

ဒီပြိုင်ပွဲရဲ့ အမျိုးသားအပြေးပြိုင်ပွဲမှာ ကင်ညာနိုင်ငံသား ကယ်လ်ဗင်ကစ်ပ်တန်ဟာ စံချိန်တင် ၂ နာရီ ၁ မိနစ် ၂၅ စက္ကန့်နဲ့ အနိုင်ရခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာတော့ နယ်သာလန်နိုင်ငံသူ ဆီဖန်ဟာဆန်က ၂ နာရီ ၁၈ မိနစ် ၃၃ စက္ကန့် နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

၄၃ ကြိမ်မြောက်အဖြစ်ကျင်းပတဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ၄၈,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ထုတ်ပြန်ထားပါတယ်။

Source:ChannelNewsAsia