CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၄

စပါးအသင်းရဲ့ ယာယီနည်းပြ စတယ်လီနီက အသင်းကစားသမားတွေဟာ အဲဗာတန်အသင်းကို အနိုင် ယူနိုင်ဖို့ အတွက် သူ့ရဲ့ အစီအစဉ်ကို လိုက်နာနိုင်ခြင်း မရှိဘူးလို့ ပြောလိုက်ပါတယ်။

စတယ်လီနီက “ကျနော်တို့ဟာ လူတစ်ဦး အသာရပြီး ကစားရတာပါ။ အဲဒီအတွက် ပိုပြီးကောင်းအောင် လုပ်ရပါ မယ်။ ဘောလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းရပါမယ်၊ ပြီးရင် ဂိုးသွင်းနိုင်ဖို့အတွက် မှန်ကန်တဲ့ အချိန်ကို ရှာဖွေဖို့ စောင့်ဆိုင်းရပါမယ်။ ကျနော်တို့ဟာ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးသွင်းဖို့ နည်းလမ်း ရှာမတွေ့ခဲ့ပါဘူး။ ဒါက အဆင်ပြေပေမယ့် နေရာရွှေ့ပြီး ကစားဖို့နဲ့ အစီအစဉ်ကို လေးစားဖို့အတွက် ကစားသမားတွေ လိုအပ်ပါတယ်။ ၁၁ ယောက်နဲ့ ၁၀ ယောက်ကစားတဲ့ အချိန်မှာ ဒီထက်ပိုပြီး လွယ်ကူနေရမှာပါ”လို့ ပြောခဲ့တာပါ။

ဒီပွဲဟာ ကွန်တီ ထွက်ခွာပြီးနောက် စတယ်လီနီရဲ့ လက်ထက်မှာ စပါးအသင်း ပထမဆုံး ကစားရတဲ့ ပွဲဖြစ်ခဲ့ပြီး စပါးအသင်းဟာ ကစားသမား ၁ ဦးအသာနဲ့ ပွဲချိန် အများစု ကစားခဲ့ရပေမယ့် အဲဗာတန်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ပွဲချိန် ၅၈ မိနစ်မှာ အဲဗာတန် ကွင်းလယ်ကစားသမား ဒိုကိုရေး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဟာရီကိန်းက ၆၈ မိနစ်မှာ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။

ဒိုကိုရေး အနီကတ်ပြခံရစဉ်

ဒါပေမယ့် စပါးအသင်းဟာ ပွဲချိန် ၈၈ မိနစ်မှာ တောင်ပံကစားသမား လူးကပ်စ်မော်ရာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် မိနစ် ၉၀ မှာ မိုက်ကယ်ကိန်းက အဲဗာတန်အတွက် ချေပဂိုး ပြန်သွင်းယူခဲ့တာ ဖြစ်ပါ တယ်။

အဲဒါကြောင့် စပါးအသင်းဟာ အဲဗာတန်အသင်းနဲ့ အမှတ်ခွဲယူခဲ့ရတာပါ။ စပါးအသင်း ယာယီနည်းပြ စတယ်လီနီ ကတော့ သူတို့အသင်းဟာ ကစားသမား ၁ ဦးအသာနဲ့ ကစားရချိန်မှာ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင် သင့် တယ်လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုသာ အသာစီးရခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက် တည့်မှုအပိုင်းမှာ အဲဗာတန်အသင်းက အသာရခဲ့တာပါ။

စပါးအသင်းဟာ ဒီပွဲသရေရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန်အသင်းက အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail