CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

စပိန်နာမည်ကျော် တင်းနစ်သမား ရာဖေးလ်နာဒယ်လ်ဟာ တင်ပါးဒဏ်ရာကြောင့် မာစတာ ၁၀၀၀ ပြိုင်ပွဲတွေ ဖြစ်တဲ့ အင်ဒီးယန်းဝဲလ်နဲ့ မိုင်ယာမီပြိုင်ပွဲတွေကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ရာဖေးလ်နာဒယ်လ်ဟာ ပြီးခဲ့တဲ့လက သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ အရေးနိမ့်ပြီး ကတည်းက ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ အနားယူနေရတာပါ။

ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ရရှိခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အင်ဒီးယန်းဝဲလ် ဒါရိုက်တာ တွန်မီဟတ်စ်က “ရာဖာအနေနဲ့ ကုသမှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး လာမယ့်နှစ်မှာ သူ့ကိုပြန်တွေ့နိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။

ရာဖေးလ်နာဒယ်လ်ဟာ လာမယ့်အပတ်မှာ စတင်ကျင်းပမယ့် ကယ်လီဖိုးနီးယားပြိုင်ပွဲရဲ့ ၂၀၀၇၊ ၂၀၀၉ နဲ့ ၂၀၁၃ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး မနှစ်က ဗိုလ်လုပွဲမှာတော့ အမေရိကန်တင်းနစ်သမား တေလာဖရစ်ဇ်ကို အရေးနိမ့်ခဲ့ တာ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်

ရာဖေးလ်နာဒယ်လ်ဟာ တနင်္လာနေ့က လေ့ကျင့်မှုတွေ အနည်းငယ်စပြီး ပြုလုပ်နိုင်ခဲ့တယ်လို့ သိရတာပါ။

ဒါပေမယ့် ရာဖေးလ်နာဒယ်လ်ဟာ ချန်ပီယံဆု ၁၁ ကြိမ်အထိ ရယူထားတဲ့ မွန်တီကာလိုပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဥရောပ မြေစေးကွင်းပြိုင်ပွဲရဲ့ အဓိကပြိုင်ပွဲဖြစ်တဲ့ မွန်တီကာလိုပြိုင်ပွဲကို ဧပြီလ ၉ ရက်မှာ စတင်မှာပါ။

ရာဖေးလ်နာဒယ်လ်က “အင်ဒီးယန်းဝဲလ်နဲ့ မိုင်ယာမီပြိုင်ပွဲမှာ မပါဝင်နိုင်လို့ ဝမ်းနည်းမိပါတယ်။ အဲဒီနေရာမှာ မရှိတာကို အလွန်ဝမ်းနည်းမိပါတယ်။ အမေရိကန် ပရိသတ်တွေ အားလုံးကို လွမ်းနေမှာပါ။ ဒါပေမယ့် ဒီနှစ်ကုန် ပိုင်းမှာ သူတို့ကို ပြန်တွေ့နိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။

ကင်မရွန်းနော်ရီနဲ့ ကားလို့စ်အယ်လ်ကာရတ်ဇ်တို့ကလည်း ATP Tour ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ၂ ပွဲဆက်တိုက် ယှဉ်ပြိုင် ပြီးနောက် ဒီတစ်ပတ် ကျင်းပမယ့် မက္ကဆီကို ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါ တယ်။

Source: BBC