CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

နယ်သာလန် လက်ရွေးစင် ကစားသမားဟောင်း ဟိုက်တင်ဂါဟာ အေဂျတ်စ်အသင်းကို ရာသီအကုန်ထိ နည်းပြ အဖြစ် ကိုင်တွယ်သွားမယ်လို့ ကလပ်အသင်းက အတည်ပြု လိုက်ပါတယ်။

အေဂျတ်စ်အသင်းရဲ့ အထွေထွေမန်နေဂျာ ဗန်ဒါဆားက “ဒါက မှန်ကန်တဲ့အဖြေလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဟိုက်တင်ဂါဟာ ဂရုတစိုက်နဲ့ တဖြေးဖြေးချင်း လမ်းကြောင်းအတိုင်း သွားနိုင်ခဲ့ပြီး မကြာသေးခင် နှစ်တွေ အတွင်း မှာ နည်းပြတစ်ဦးအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အသလက်တီကိုနဲ့ အဲဗာတန်အသင်း နောက်ခံလူဟောင်း ဟိုက်တင်ဂါဟာ အေဂျတ်စ်အသင်းကို ကိုင်တွယ်နေတာ ဖြစ်ပြီး နည်းပြဖြစ်သူ ရှရူဒါ ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် ပြီးခဲ့တဲ့ အပတ်က ပွဲစဉ်မှာ စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

အေဂျတ်စ်အသင်း ကစားသမားများကိုတွေ့ရစဉ်

အေဂျတ်စ်အသင်းဟာ ဟိုက်တင်ဂါ ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ ရော့တာဒမ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။

အဲ့ဒါကြောင့် ဟိုက်တင်ဂါဟာ လက်ကျန် ရာသီအကုန်ထိ ဆက်ပြီးကိုင်တွယ်ဖို့ တာဝန်ပေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အေဂျတ်စ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ တက်လှမ်းနိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ဖီယင်နုအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။

ဒတ်ချ်လိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အေဂျတ်စ်အသင်းဟာ တနင်္ဂနွေနေ့မှာ အမှတ်ပေးပွဲစဉ်အဖြစ် ကမ်ဘာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အေဂျတ်စ်အသင်းဟာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အသင်းက ထွက်ခွာခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ ရှရူဒါကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၆ လအကြာမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါ တယ်။

Source: CNA