CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃

မက်ဆီကတော့ ပီအက်စ်ဂျီအသင်းဖော် ဘတ်ပီနဲ့ ဘာပြဿနာမှမရှိဘဲ ခိုင်မာတဲ့ဆက်ဆံရေးရှိတယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ကျနော်တို့ ပွဲအကြောင်းပြောဖြစ်ခဲ့ပါတယ်။ကျနော်က တခြားအသင်းမှာရှိတာဖြစ်ပေမယ့် ကျနော်လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးခဲ့ဖူးပါတယ်။အဲဒါကြောင့် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဘာမှမသိချင်ပါဘူး။အဲဒီအချိန်တုန်းက ကမ္ဘာ့ဖလားနဲ့ ဘာမှမသက်ဆိုင်တဲ့အတွက် ဒီအကြောင်းတွေကို မပြောချင်ပါဘူး။ဒါပေမယ့် အမှန်တရားကတော့ ဘတ်ပီနဲ့ ဘာပြဿနာမှမရှိပါဘူး။တော်တော်လေးကို ဆန့်ကျင်ဘက်ဖြစ်နေတာပါ” လို့ ဘတ်ပီနဲ့ ဆက်ဆံရေးကို မေးမြန်းချိန်မှာ Ole ကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ တွေ့ဆုံခဲ့ကြပြီး မက်ဆီနဲ့ ဘတ်ပီတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာမှာ နှစ်ဦးစလုံးခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အာဂျင်တီးနား အသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။သူတို့နှစ်ဦးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ဆက်ဆံရေးတင်းမာနိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် မက်ဆီကတော့ ဒါကို ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

ဘတ်ပီကလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ မက်ဆီကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ ပြောထားတာပါ။ဘတ်ပီက “ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ကျနော် မက်ဆီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ကျနော်သူ့ကို ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ နိုင်ပွဲအတွက်လည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။သူကတော့ အောင်မြင်ခဲ့ပေမယ့် ကျနော်ကတော့ မအောင်မြင် ခဲ့ပါဘူး။အဲဒါကြောင့် ခင်ဗျားအနေနဲ့ အမြဲတမ်း အကောင်းဆုံးကစားသမားဖြစ်နေရမယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ဘတ်ပီတို့ဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းမှာ အတူတွဲကစားနေပြီး အသင်းကို ဒီရာသီ ပြင်သစ် လီဂူးဝမ်း၊ ပြင်သစ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းအမှတ်ပေးဇယားကို ဦးဆောင်နေပြီး၊ ပြင်သစ်ဖလားမှာ ၁၆ သင်းအဆင့် ရောက်ရှိနေသလို ချန်ပီယံ လိဂ်ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁၆ သင်းအဆင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဘတ်ပီကတော့ မောင့်ပယ်လီယာအသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။

Source:Goal