CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ဂရင်းဝုဒ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု အပြင် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုတို့နဲ့ စွဲချက်တင်ထားတဲ့ စွဲချက်အားလုံးကို အစိုးရရှေ့နေတွေက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းကနေ အကန့်အသတ်မရှိ ဆိုင်းငံ့ခံထားရတဲ့ ဂရင်းဝုဒ်ဟာ အာမခံနဲ့ ပြန်မလွတ်လာခင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ကနဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အင်္ဂလန် ကစားသမားဟာ အာမခံစည်းမျဉ်းတွေကို ချိုးဖောက်လို့ ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး အစိုးရရှေ့နေတွေရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။

အခုအချိန်မှာတော့ ဂရင်းဝုဒ်အပေါ် စွဲချက်တင်ထားတဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေ အားလုံးကို ရုပ်သိမ်းပေး လိုက်ပြီလို့ Greater Manchester ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source: BBC