CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၄
မာဆေးလ်အသင်းဟာ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်အတွက် နွေရာသီမှာ ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၀ သွင်းယူထား တာပါ။
ဂရင်းဝုဒ်ဟာ လီဂူး-၁ ပြိုင်ပွဲမှာ ၁၉ ဂိုး သွင်းယူထားပြီး သူ့ထက်ဂိုး ပိုသွင်းယူထားတဲ့သူအဖြစ် PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီက ၂၁ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတွေနဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရဖို့ သေချာ သွားခဲ့တာပါ။
ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် သွင်းဂိုးတွေ သွင်းယူထားပေမယ့် သူ့ရဲ့လုပ်အားနှုန်းနဲ့ပတ်သက်ပြီး နည်းပြရဲ့ဝေဖန်မှုအပြင် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။
RMC Sport က မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ရောင်းချချင်နေပြီး သူ့အတွက် ကမ်းလှမ်းမယ့် ကမ်းလှမ်း မှုတွေကို စဉ်းစားသွားမယ်လို့ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့အပတ်က ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်း ၂ သင်းက စိတ်ဝင်စားနေတယ်လို့ The Telegraph က ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်ကလည်း သူ့ရဲ့မပြီးပြတ်ခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝကို တစ်ချိန်ချိန်မှာ ပြန်သွားဖို့ အစီအစဉ်ရှိ နေတာပါ။
ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်အများအပြားကြောင့် အသက် ၆ နှစ် အရွယ်ကတည်းက ရှိခဲ့တဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး နွေရာသီမှာ မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းကြီးအတွက် ၁၂၉ ပွဲ ကစားခဲ့ပြီး ၃၅ ဂိုး သွင်းယူနိုင်ခဲ့ကာ မာဆေးလ်အသင်းထံ အပြီးသတ် မပြောင်းရွှေ့မီ ဂီတာဖေးအသင်းမှာ ရာသီကုန်အထိ အငှားကစားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို မာဆေးလ်အသင်းကနေ ပြန်လည်ခေါ်ယူခွင့်ရှိပေမယ့် ကန့်ကွက်မှုတွေ ကြောင့် ပြန်လည်ခေါ်ယူဖွယ် မရှိဘူးလို့ သိရပါတယ်။
မာဆေးလ်အသင်းဟာ ဒီရာသီ လီဂူး-၁ ပွဲစဉ် နောက်ဆုံးပွဲစဉ်အဖြစ် ရန်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် အနိုင်ရယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Source: Dailymail