CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ယူကရိန်းဘောလုံးအဖွဲ့ချုပ်က အီရန်ဟာ ရုရှားကို လက်နက်တွေပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ဖီဖာထံ တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ စစ်ရေးရန်လိုမှုမှာ အီရန်ပါဝင်ပက်သက်မှုကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ဖီဖာထံ တောင်းဆိုတဲ့အချက်ထဲမှာ ထည့်သွင်းခဲ့တာပါ။ရုရှားအပေါ် လက်နက်တွေပေးတာက ဖီဖာရဲ့ လူ့အခွင့်အရေးနဲ့ ခွဲခြားတိုက်ဖျက်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ထောက်ပြခဲ့ပါ တယ်။

အဆိုပါအဖွဲ့ချုပ်ရဲ့ အမှုဆောင်ကော်မတီဟာ တနင်္လာနေ့က တွေ့ဆုံခဲ့တာဖြစ်ပြီး အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုဖို့ သဘောတူညီခဲ့ကြတာပါ။

ယူကရိန်းကလပ် ရှက်တာဒိုးနက်အကြီးအကဲ ပယ်လ်ကင်က အီရန်နေရာမှာ ယူကရိန်းနဲ့ အစားထိုးဖို့ အကြံပြုခဲ့ပြီး နောက် မကြာခင်မှာ ယူကရိန်းအက်ဖ်အေက ဖီဖာထံတောင်းဆိုခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လက အီရန်ရှိ လူ့အခွင့် အရေးအဖွဲ့အစည်းတွေက အီရန်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဖီဖာထံ တောင်းဆိုမှုတွေလည်း ရှိခဲ့တာပါ။ဒါပေမယ့် ဖီဖာကတော့ အီရန်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့နဲ့ ပတ်သက်ပြီး တရားဝင်တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အီရန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်၊၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေ ပြီး နိုဝင်ဘာလ ၂၁ ရက်မှာ အဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal