CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က စပါးအသင်းနဲ့ ပွဲမပြီးသေးခင်မှာ ဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

အဲရစ်တန်ဟတ်က “ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ကိုင်တွယ်ဖြေရှင်းသွားပါမယ်၊ ဒီနေ့တော့ မဟုတ်ပါ ဘူး။ အခုတော့ ဒီနိုင်ပွဲအတွက် အောင်ပွဲခံနေပါတယ်။ သူထွက်သွားတာ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ဘာစကား မှတော့ မပြောဖြစ်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ သုံးခဲ့တဲ့ ပွဲထွက် ၁၁ ယောက်နဲ့ လူစားဝင်တွေရဲ့ စွမ်းဆောင်ရည်ဟာ တကယ် ကောင်းမွန်ပါတယ်။ ဒါက အသင်းလိုက် စွမ်းဆောင်ရည်ပါ”လို့ ပြောပါတယ်။

စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။

ရော်နယ်ဒိုဟာ နည်းပြ အဲရစ်တန်ဟတ်က အဲရစ်ဆန်နဲ့ အီလန်ဂါတို့ကို လူစားလဲမှု ပြုလုပ်ပြီး မိနစ် အနည်းငယ် ကြာ ပွဲချိန် ၈၉ မိနစ်မှာ ဥမင်ထဲကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းနဲ့ ပွဲမှာ ရော်နယ်ဒိုဟာ ပွဲထွက်ခွင့်လည်း မရခဲ့သလို လူစားလဲအဖြစ်ပါ အသုံးပြုခြင်း မခံရတာကြောင့် စိတ်ပျက်ပြီး အရန်ခုံတန်းကနေ စောစီးစွာ ထွက်ခွာခဲ့တာပါ။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း က နယူးကာဆယ်နဲ့ပွဲမှာလည်း လူစားလဲခံရလို့ ဒေါသထွက်နေတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့သေးတာ ဖြစ်ပါ တယ်။

စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက် ဂိုးသွင်းအောင်ပွဲခံနေစဉ် (United In Focus)

အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာနဲ့ နောက်ခံလူဟောင်း မီကာရစ်ချတ်တို့ကလည်း ရော်နယ်ဒို ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဂယ်ရီလိုင်နီကာက “ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အလွန်ညံ့ဖျင်းပါတယ်”လို့ Match of Day မှာ ပြောခဲ့ပါ တယ်။

မီကာရစ်ချတ်ကလည်း “ ကမ္ဘာအကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အသင်းအနိုင်ရနေတဲ့ အချိန်မှာ သူ့အကြောင်းကို ပြောနေရတာက စိတ်ပျက်စရာပါပဲ”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ယူရိုပါလိဂ် မှာသာ ပွဲထွက်ခွင့် ရနေတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ဒီအခြေအနေတွေကို စိတ်ပျက်နေပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ နောက်တစ်ကြိမ် ကြိုးပမ်းဖွယ်ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါ တယ်။

Source: BBC