CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၃၀


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည် သူအလုပ်ပိတ်ရက်ကို စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ(နစက)က ယနေ့ (သြဂုတ် ၃၀ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။


အဆိုပါ အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ယင်း၏ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမပါဝင်ကြောင်း ဖော်ပြထားသည်။


နစက၏ ထုတ်ပြန်ချက်တွင် အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များ နှင့် အညီလိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို နစက-က ခြောက်ကြိမ်သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ဖော်ပြထားသည်။


ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ တိုးမြှင့် သတ်မှတ်သည်ဟု ထုတ်ပြန်ခဲ့သည်။


လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်နေရသည့်အတွက် လူစုလူဝေးများ ရှောင်ရှားရန်နှင့် Stay at Home အဖြစ်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်ကို သတ်မှတ်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိနေ သည်။


ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးပေးလျက်ရှိပြီး သြဂုတ် ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၄ သန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးထား ပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။