CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၈


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂ သန်း(၂,၀၀၀,၀၀၀)ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့(သြဂုတ် ၂၈ ရက်) ရောက်ရှိ လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂ သန်းသည် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ ကျန်း မာရေး ဦးစီးဌာနမှူး ဦးဆောင်သည့် အဖွဲ့မှ လက်ခံရယူခဲ့ပြီးနောက် ရန်ကုန်မြို့ဗဟိုကာကွယ်ဆေး သိုလှောင်ရုံ ၌ ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ကျန်းမာရေးဝန်ကြီးဌာနက “ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံ ပေးလျက်ရှိပါတယ်”ဟုလည်း ထုတ်ပြန်ချက်မှာ ပြောထားသည်။

ပုံ-Sinopharm အမှတ်တံဆိပ် ကိုဗစ်ကာကွယ်ဆေး ၂ သန်းကို သယ်ဆောင်နေစဉ်

အဆိုပါ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂ သန်းကို သြဂုတ် ၂၉ ရက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ လေကြောင်းခရီးမှလည်း ကောင်း ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူ လူထုအား အမြန်ဆုံးထိုးနှံသွားမည်ဟုလည်း ဆိုထားသည်။


လက်ရှိတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထု လူဦးရေ ၄ သန်းကျော် ထိုးနှံပြီ ဖြစ်ကြောင်း သိရသည်။