CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ်-၁၉

ရခိုင်ပြည်နယ်ကို Stay at Home ကာလကို ဩဂုတ်လ ၁၉ ရက် မှ ၂၅ ရက် အထိ တစ်ပတ်ထပ်တိုးသတ်မှတ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ယနေ့ ဩဂုတ်လ ၁၉ ရက် တွင် ထုတ်ပြန်ကြေညာသည်။

ရခိုင်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နှုန်းနှင့် ကူးစက်ခံရသူများ သိသိသာသာကျဆင်းခြင်းမှာ ရခိုင်ပြည်သူများ မလိုအပ်သည့် အသွားအလာများကို ဆင်ခြင်ပြီး ကိုယ့်အိမ်အတွင်း၌ အတတ်နိုင်ဆုံး နေထိုင်ခြင်း ရလဒ်ဖြစ်သည် ဟု ဆိုသည်။

ကိုဗစ်-၁၉ တတိယလှိုင်းသည် ဆက်ရှိနေဆဲဖြစ်ပြီး ကိုဗစ်ကူးစက်ခံရမှုအန္တရာယ် လုံးဝနီးပါးမရှိသည့် အခြေအနေကိုရောက်ရှိရန် Stay at Home ကို အနည်းဆုံး ၁ ပတ်ခန့်နေထိုင်ရန် ညွှန်ပြနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ULA/AA မှ Stay at Home ကာလသတ်မှတ်ခြင်းမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၀ ရက် မှ ဩဂုတ်လ ၄ ရက် ထိ တစ်ကြိမ်၊ ဩဂုတ်လ ၄ ရက် မှ ၁၈ ရက် ထိတစ်ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ယခုထုတ်ပြန်ခြင်းမှာ တတိယအကြိမ်မြောက် ဖြစ်သည်။

 

# ရခိုင်ပြည်နယ်

#Stay at Home

#ULA/AA

#ကိုဗစ်-၁၉ တတိယလှိုင်း

#ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)

#cninews

#CNIMyanmar

#ChannelNewsIndependent