CNI International News

အဘူဒါဘီ၊ မေလ ၁၃

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခါလီ ဇာဘင်ဇေယက် အယ်နာယန်း ကွယ်လွန် သွားပြီဖြစ် ကြောင်း ယူအေအီးအစိုးရ သတင်းဌာနဖြစ်သည့် WAM က မေလ ၁၃ ရက် (ယနေ့) သတင်းဖော်ပြခဲ့သည်။

၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီ ဖြစ်သည်။

“အလံတွေ တိုင်တဝက် လွှင့်ထူကြဖို့နဲ့ တရားဝင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရက်ပေါင်း ၄၀ သတ်မှတ်ပါတယ်။ ပြည်ထောင်စု အဆင့်၊ ဒေသအဆင့် ဝန်ကြီးဌာနတွေ၊ တရားဝင် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေပါ ရုံးတွေ၊ ကုမ္ပဏီ တွေ ၃ ရက် ပိတ်ကြဖို့ သမ္မတရုံးဝန်ကြီးဌာနက ကြေညာထားပါတယ်” ဟု WAM သတင်းဌာန၏ တွစ်တာပို့စ်ကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ဖော်ပြထားသည်။

Source: Aljazeera