CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကဖြစ်သူ ဦးတင်ဦးသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

NLD ပါတီဝင် ဦးဘိုဘိုဦးကတော့ " အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကကြီး သူရဦးတင်ဦး ကိုဗစ်-၁၉ ကူးဆက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံသစ် (စိန့်ဂျွန်း)သို့တက်ရောက်ကုသနေပါသည်။ နာယကကြီး သူရဦးတင်ဦးသည် အောက်ဆီဂျင် ကျဆင်းခဲ့သော်လည်း သန်သန်မာမာ ရှိပါကြောင်း သိရှိရပါသည်"ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြသည်။