CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် အိုမိုက်ခရွန်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ အိန္ဒိယနိုင်ငံမှ Relief Flight ဖြင့် ပြန်လာသည့် မြန်မာနိုင်ငံသား ၂ ဦးတွင် အိုမိုက်ခရွန်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံမှ Relief Flight ဖြင့် ပြန်လာသည့် မြန်မာနိုင်ငံသား ၃ ဦးထံတွင် အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိခဲ့သေးသည်။

အလားတူ ဇန်နဝါရီ ၇ ရက်နေ့ကလည်း Relief Flight ဖြင့် ပြင်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသား ၁ ဦးတို့တွင် အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိခဲ့သေးသည်။ထို ၁၂ ဦးမှာ ယူအေအီးနိုင်ငံမှ ပြန်လာသူ ၈ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၃ ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၁ ဦးတို့ ဖြစ်ကြသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ယူအေအီးနိုင်ငံမှ Relief Flight ဖြင့် ပြန်လာသူ မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။

 ဆက်စပ်သတင်းများဖတ်ရန်----- အိန္ဒိယမှ ပြန်လာသည့် မြန်မာနိုင်ငံ ၃ ဦးတွင် အိုမိုက်ခရွန်ပိုးတွေ့

 ဆက်စပ်သတင်းများဖတ်ရန်----- မြန်မာနိုင်ငံတွင် အိုမိုက်ခရွန်အတည်ပြုလူနာ ၁၂ ဦးတွေ့

 ဆက်စပ်သတင်းများဖတ်ရန်----- မြန်မာနိုင်ငံမှာ အိုမိုက်ခရွန်ရောဂါပိုးရှိသူ ၄ ဦးတွေ့