CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)များဖြင့် ပြန်လည်ဝင်ရောက် လာသူများကို အိုမိုက်ခရွန်ရောဂါပိုး ရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ရာမှာ အိန္ဒိယနိုင်ငံမှ Relief Flight ဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၃ ဦးမှာ အိုမိုက်ခရွန်ရောဂါပိုးတွေ့ရှိကြောင်း ယနေ့ (ဇန်နဝါရီ ၁၁ ရက်)တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိုမိုက်ခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံးကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ထိုလူပုဂ္ဂိုလ်များနှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များကိုလည်း အသွားအလာကန့်သတ်ခြင်း(Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အထူးအားဖြည့်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားသည်။