CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်က မြို့ ၅ မြို့အတွက် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းကို တရုတ်အစိုးရ က ယနေ့ (ဇန်နဝါရီ ၁၁ ရက်)နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ၁ သန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယူနန်ပြည်နယ်၊ ရောဂါကာကွယ်ရေး၊ ထိန်းချုပ် ရေးစင်တာမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယနေ့ တရုတ်က ပေးအပ်သည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းကို မြန်မာ-တရုတ် နယ်စပ်မြို့ ၅ မြို့ကို ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။