CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကာ ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း ၁၃၀၅၁ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၆ ဦးတွေ့ရှိပြီး ၂ ဦးသေဆုံး ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၀၁၈,၄၇၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃၀,၂၇၆ ဦး ရှိပြီဖြစ်သည်။

ထို့နောက် ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၀ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅၀၇,၈၀၆ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၆၂ ဦးရှိ ကြောင်း သိရသည်။

လက်ရှိတွင် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၂၀,၆၁၇,၈၁၅ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ် ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၅,၀၆၂,၂၅၁ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅,၅၅၅,၅၆၄ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။