CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် လုံလော့ဈေးအနီးရှိ ဆေးခန်းတစ်ခု၌ ဆေးခန်းလာပြရင် ဆေးခန်းအရှေ့ထိုင်ခုံမှာ ထိုင်စောင့်နေစဉ် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း တွေ့ရသည်။
ပုံ - COVID-19 Operation Team Lashio
အဆိုပါ သေဆုံးနေသည့် အမျိုးသားကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ မီးသဂြိုဟ်ပေးခဲ့ကြောင်း COVID-19 Operation Team Lashio က ထုတ်ပြန်ခဲ့သည်။
လားမြို့ဒေသခံ ကိုဆက်ဝေက "ဟုတ်တယ် သေသွားတာ၊ လုံလော့ဈေးနားက ဆေးခန်းတစ်ခုမှာ သူက ဆေးခန်းလာပြတာ အဲမှာ ထိုင်စောင့်နေတာ တခြားလူတွေပြနေတော့ ဒါပေမယ့် ဘယ်လိုဖြစ်လဲတော့ သေချာ မသိဘူး။ သေဆုံးနေတာတွေ့ရတာပဲ"ဟု ပြောသည်။