အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇ သိန်း ၈ သောင်း ၃ ထောင်ကျော် (၂,၇၈၃,၃၈ ၅)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်း ၆ သောင်း ၈ ထောင်ကျော် (၁၆၈,၃၇ ၄)ဦးရှိ ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၄၂ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၄၆၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန က ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများက ကျန်းမာ ရေး ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ကြိုတင် ပြင်ဆင်လျက်ရှိသလို စား သောက်ဆိုင်များကိုလည်း ဆိုင်ထိုင်စားခွင့်များ ယာယီပိတ်ထားရန် ညွှန်ကြား လျက်ရှိသည်။
#မြန်မာနိုင်ငံ
#ကိုဗစ်-၁၉ တတိယလှိုင်း
#ကျန်းမာရေး
#ပိုးတွေ့လူနာ
#သေဆုံး
ဓာတ်ခွဲနမူနာ ၁ သောင်းကျော်စစ်ရာ ကိုဗစ်လူနာသစ် ၂၉၀၀ ကျော်တွေ့
- By CNI
- Category: ကျန်းမာရေး
- Hits: 275