ယနေ့မွန်းလွဲပိုင်း ထိုင်း Covid-19 စီမံခန့်ခွဲရေးဌာန (CCSA) က ရောဂါဖြစ်ပွား မှု နေ့စဉ်အခြေအနေ အတည်ပြု ထုတ်ပြန်ရာ တွင် ဘန်ကောက်၌ သေဆုံးမှု ၁၇ ဉီး၊ Nonthaburi တွင် ကိုးဦး၊ Samut Prakan တွင် ခြောက်ဦးနှင့် Chachoeng sao တွင် သုံးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ Nakhon Pathom, Narathiwat, Pattani, Songkhla နှင့် Samut Sakhon တို့တွင် သေဆုံးမှုနှစ်ခု မှတ်တမ်းတင်ခဲ့ပြီး Chanthaburi, Nakhon Nayok, Nakhon Sawan, Rayong နှင့် Suphan Buri တို့တွင် သေဆုံးမှုတစ်ခု တွေ့ရှိ ခဲ့သည်။ မြို့တော် ဘန်ကောက်သည် ပြီးခဲ့သည့် ဧပြီလမှစတင်၍ Covid-19 ရောဂါ ကူးစက်မှု တတိယလှိုင်း၏ ဗဟိုချက်ဖြစ်လာ ခဲ့သည်။ ယမန်နေ့က ဘန်ကောက် တစ်မြို့တည်း ပိုးတွေ့လူနာအသစ်များကို ၂၄ နာရီအတွင်း အများဆုံး မှတ်တမ်း တင်ခဲ့ပြီး ဖြစ်ပွားမှု ၁,၇၂၉ ခု ရှိခဲ့ရာ Samut Prakan မှ ၄၁၁ ဦး၊ Samut Sa- khon ၃၈၉ ဦး ၊ Pathum Thani မှ ၃၅၂ ဦးနှင့် Songkhla တို့မှ ၃၁၈ ဦး အသီး သီး ဖြစ်ကြသည်။ CCSA ၏ အဆိုအရ အာဏာပိုင်များသည် ထိုင်းနိုင်ငံသို့ ပြန် လာသူ ၁၂ ဦး၊ ကမ္ဘောဒီးယားမှ ၁၀ ဦးနှင့် မြန်မာနိုင်ငံမှ နှစ်ဦးတွင် ကူးစက်မှု တွေ့ရှိခဲ့သည်။
Source: Bangkok Post
#ထိုင်းနိုင်ငံ
#ဘန်ကောက်မြို့
#ကိုဗစ်-၁၉
#သေဆုံးမှု
#ပိုးတွေ့လူနာ
#CCSA
#ကျန်းမာရေး