ယခုကူးစက်မှုသည် မြစ်ဝကျွန်းပေါ်ဒေသမှ စတင်ပျံ့နှံလာခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောသည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် စတုတ္ထလူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကို အလူးအလဲခံနေရသည်။ ဂျာကာတာမြို့တော် အပါအဝင် ဘာလီကျွန်းနှင့် ဂျာဗားကျွန်းတို့တွင် တကျော့ပြန် ဖြစ်လာသော ဗိုင်းရပ်စ်ပျံနှံ့မှုကို တားဆီး ရန် အတွက် စနေနေ့က အရေးပေါ် lockdown ချကာ ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့ရသည်။ ဂျာဗားကျွန်းပေါ်ရှိ Sardjito ဆေးရုံ၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့က အောက်ဆီဂျင် ပြတ်တောက်မှု ကြောင့် လူနာ ၆၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရောဂါပြန်လည် ကူးစက်မခံရမီက ရက်အနည်းငယ်ကပင် အောက်ဆီ ဂျင်များ တိုးမြှင့်ရှာခဲ့သော်လည်း လုံလောက်မှုမရှိဘဲ ယခုကဲ့သို့ အသေအပျောက် များသွားခဲ့ကြောင်း ထိုဆေးရုံ၏ ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ဇူလိုင် ၂ ရက်မှစ၍ ထိုဆေးရုံရှိ ကိုဗစ်လူနာများကို မျှော်မှန်းထားသည်ထက် အဆများစွာ အောက်ဆီဂျင် ပေးခဲ့ရသော ကြောင့် ယင်းသို့အလျင်အမြန် ပြတ်လပ်ခဲ့ရခြင်းဖြစ်သည်။ ဇူလိုင် ၅ ရက် နံနက် အရုဏ်မတက်မီမှ လူနာများအတွက် အောက်ဆီဂျင် အလုံအလောက် ထပ်မံရခဲ့ကြောင်း၊ သေဆုံးသူအားလုံးမှာ ကိုဗစ်ရောဂါကြောင့် ဟုတ်၊ မဟုတ် အတည်မပြု နိုင်သေးကြောင်း Sardjito ဆေးရုံမှ ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားသည်။ အင်ဒိုနီးရှား အစိုးရအနေဖြင့် ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းများကို ဆေးဘက်ဆိုင်ရာ အောက်စီဂျင်ထုတ်လုပ်မှု တိုးမြှင့် ပေးရန် ညွှန်ကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိ Siti Nadia Tarmizi ကပြောကြားခဲ့သည်။ "လူနာတွေအတွက် အောက်ဆီဂျင် လုံလောက်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။ ကိုဗစ်-၁၉ တုံ့ပြန်မှုကို ကြီးကြပ်သော ဝန်ကြီးဌာနအနေဖြင့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များအတွက် နေ့စဉ် အောက်ဆီဂျင် တန်ချိန် ၈၀၀ ခန့်ဖြည့်ဆည်းရန်နှင့် ဓာတ်ငွေ့လုပ်ငန်းကို ဦးစားပေးထုတ်လုပ်ရန် အင်ဒိုနီးရှားအစိုးရက အမိန့်ထုတ်ထား သည်။ ၎င်းဓါတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းသည် တစ်နှစ်လျှင် မက်ထရစ်တန်ချိန် ၂၂၅,၀၀၀ အထိ ယာယီအသုံးပြုနိုင်ဆဲ ဖြစ်သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Source: CNN
#အင်ဒိုနီးရှားနိုင်ငံ
#ကိုဗစ်-၁၉
#လူသေဆုံးမှု
#အောက်စီဂျင်ပြတ်
#Sardjito ဆေးရုံ
#ကျန်းမာရေး