အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၇၅၂,၉၂၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၆၁,၂၁၀ ဦးရှိပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့နောက် ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၂၃ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၇,၄၁၅ ဦးဆေးရုံမှ ဆင်းခွင့်ရရှိ ပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြင့် ထပ်မံသေဆုံးသူ ၁၇ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၃၆၄ ဦးရှိ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၂ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ #ကိုဗစ်-၁၉ ရောဂါ
#ပိုးတွေ့လူနာ
#ကျန်းမာရေး
#သေဆုံးမှု
ဇူလိုင် ၁ ရက်မှ ၂ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၈၆၃ ဦးတွေ့
- By CNI
- Category: ကျန်းမာရေး
- Hits: 475