CNI News
၂၀၂၁ ခုနှစ်၊ဇွန်လ ၂၈
မြန်မာနိုင်ငံတွင် တကျော့ပြန် ပြန်လည်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ တားဆီးနိုင်ရေးအတွက် ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီမှ ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၅၈၆ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၂၂၅ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ၌ သတင်းထုတ်ပြန်ခဲ့ သည်။ ထို့နောက် ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၇၁၈၁၇၀)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း (၁၅၄၃၈၅)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။ ထို့ပြင် ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ (၂၉၀)ဦး ရှိသဖြင့် ယနေ့အထိ စုစု ပေါင်း (၁၃၅၇၀၃)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြင့် ထပ်မံသေဆုံးသူ (၁၂) ဦးရှိသဖြင့် ယနေ့အထိဆိုပါက သေဆုံးသူ စုစုပေါင်း (၃၃၀၉)ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ကိုဗစ်-၁၉
#ကျန်းမာရေး
#ဓာတ်ခွဲအတည်ပြုလူနာ
#မြန်မာနိုင်ငံ
ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ ၆၅၈၆ ခု စစ်ဆေးရာ လူနာ ၁၂၂၅ ဦးတွေ့
- By CNI
- Category: ကျန်းမာရေး
- Hits: 319