အဆိုပါ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ ၇၈၇ ဦးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တွေ့ရှိမှု အခြေအ နေတွင် ပဲခူးတိုင်းဒေသကြီးမှာ ၁၅၄ ဦး၊ ရှမ်းပြည်နယ်တွင် ၁၃၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၁၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှာ ၁၀၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈၉ ဦး၊ ချင်းပြည်နယ်၌ ၅၉ ဦး ၊ ဧရာဝတီတိုင်းဒေသကြီး မှာ ၅၂ ဦး၊ မွန်ပြည်နယ်တွင် ၃၉ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး၌ ၁၆ ဦး၊ ကရင်ပြည်နယ်မှာ ၁၁ ဦး၊ မကွေးတိုင်း ဒေသကြီး ၆ ဦး၊ ပြည် ထောင်စုနယ်မြေ- နေပြည်တော်မှာ ၅ ဦး၊ ရခိုင်ပြည်နယ်တွင် ၃ ဦး စုစုပေါင်း ၇၈၇ ဦး ရှိ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ ထို Covid-19 အတည်ပြုလူနာ ၇၈၇ ဦးအနက် မကွေးတိုင်းဒေသကြီးတွင် ၁ ဦး၊ ချင်းပြည်နယ်၌ ၁ ဦး၊ ရန် ကုန်တိုင်းဒေသကြီးမှာ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၁ ဦး၊ ရှမ်းပြည်နယ်၌ ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။