အဆိုပါ ထုတ်ပြန်ချက်ထဲမှ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခွဲခြား ဖော်ပြ ထားပြီးနောက် မြို့နယ်အလိုက်ပါ ခွဲခြား ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ ထုတ် ပြန် ချက်တွင် ချင်းပြည်နယ် အတွင်းတွင် ၁၁၈ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ ၇၀ ဦး၊ မွန်ပြည်နယ်အတွင်းမှာ ၅၁ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် ၅၀ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၄၆ ဦး၊ မန္တလေးတိုင်းဒေသ ကြီး အတွင်းမှာ ၄၃ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ၁၁ ဦး၊ ရှမ်းပြည် နယ် အတွင်း၌ ၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၄ ဦး၊ ပြည်ထောင်စု နယ်မြေ-နေပြည်တော်အတွင်းတွင် ၄ ဦး၊ ရခိုင်ပြည်နယ်အတွင်း၌ ၂ ဦး၊ ကရင် ပြည်နယ် အတွင်းမှာ ၁ ဦး စုစုပေါင်း ၄၀၇ ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ ထို အတည်ပြုလူနာ ၄၀၇ ဦးတွင် ချင်းပြည်နယ်အတွင်းမှာ တွေ့ရှိသော Covid 19 အတည်ပြုလူနာမှာ အများ ဆုံးဖြစ်ပြီး ဒုတိယမှာ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ကာ တတိယကတော့ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေ သကြီးတို့ ဖြစ်ကြသည်။