အဆိုပါ မြို့နယ်များမှာ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ တောင် ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့ ဖြစ် သည်။ ဇူလိုင် ၈ ရက်နေ့ နံနက် ၄ နာရီမှစ၍ Stay at Home အဖြစ် သတ်မှတ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုသည်။ ထို့ပြင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နယ်၊ သံဖြူဇရပ်မြို့နယ်တို့ကိုလည်း ဇူလိုင် ၈ ရက်နေ့ နံနက် ၄ နာရီမှစ၍ Stay at Home အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ် စုစုပေါင်း ၄၄ မြို့နယ်ရှိသွားပြီး ဖြစ်သည်။
#ရန်ကုန်တိုင်းဒေသကြီး
#မြို့နယ် ၁၀ မြို့နယ်
#Stay at Home သတ်မှတ်
#မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်
#မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်
#ကိုဗစ်-၁၉ #ကျန်းမာရေး
ရန်ကုန်တိုင်းအတွင်းက ၁၀ မြို့နယ်ကို Stay at Home သတ်မှတ်
- By CNI
- Category: ကျန်းမာရေး
- Hits: 461