CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄
 
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျသည့်အလျောက် ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ် ဆောင်ရွက်နိုင်ရန် လိုအပ်သဖြင့် အခြေခံ ပညာကျောင်းများကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂၄ ရက်ထိ ယာယီပိတ်ထားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ယနေ့ထုတ်ပြန်သည်။
 
အဆိုပါ ထုတ်ပြန်ချက်၌ လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာသည့် အလျောက် ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းရေး ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်)အား သီတင်းကျွတ်ကျောင်း ပိတ်ရက် များ အပါအဝင်ဖြစ်သည့် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ဆက်လက်၍ ယာယီပိတ်ထား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။