ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၎င်းတို့ဖျော်ဖြေရေးခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသော်လည်း ပြီးခဲ့သည့်သီတင်းပတ် သောကြာနေ့ ဩဂုတ်လ ၂၀ ရက်က ခရီးစဉ် အပြီးအပိုင် ဖျက် သိမ်းလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဖျက်သိမ်း ကြောင်းကို ၎င်းတို့အဖွဲ့၏ထုတ်လုပ်ရေးဖြစ်သည့် Big Hit Music မှ ထုတ်ပြန်ကြေညာခဲ့သည်။ “ကျနော်တို့ ကုမ္ပဏီက Map of the Soul ဖျော်ဖြေပွဲအတွက် ပြင်ဆင်စရာရှိတာတွေ ပြန်စဖို့ တော်တော်အား ထုတ်ခဲ့ရပါတယ်။ ပရိသတ်အားလုံးက ဒီခရီးစဉ်ကို စိတ်အားထန်စွာနဲ့ စောင့်နေတာကြာပါပြီ” ဟု Hyper ကော်ပိုရေးရှင်း၏ကုမ္ပဏီခွဲတစ်ခုမှ ၎င်း၏ကြေညာချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။ “ဒါပေမယ့်လည်း ကျနော်တို့ ခံနိုင်ရည်ရှိတဲ့ကာလတစ်ခုကို ကျော်လွန်လာခဲ့ပြီး အခြေအနေတွေကြောင့် မူလစီစဉ်ထားတဲ့အတိုင်းအတာနဲ့ အချိန်ဇယားအတိုင်း ဖျော်ဖြေပွဲ ပြန်စဖို့ ခဲယဉ်းလာပါတယ်။ ဒါကြောင့် BTS Soul tour ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ရတာဖြစ်ပါတယ်” ဟု ၎င်းကြေညာချက်ထဲတွင် ဆက်လက် ဖော်ပြသည်။ ပြီးခဲ့သည့်နှစ် ကိုရိုနာဗိုင်းရပ်စ် စတင်ချိန်ကတည်းက BTS သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ Map of Soul အပါအဝင် ကမ္ဘာပေါ်မှ ပရိသတ်သန်းပေါင်းများစွာအတွက် ဖျေ ာ်ဖြေရေးအစီအစဉ်များ တုံ့ဆိုင်းခဲ့ရသည်။ အကယ်၍ ဖျော်ဖြေပွဲများ ကမ္ဘာ့အနှံ့ ပြန်လည်စတင်နိုင်သည့်အခါ BTS သည် အခြားကမ္ဘာ့နိုင်ငံများ မဟုတ်လျှင် ပင် အနည်းဆုံး တောင်ကိုရီးယားပြည်တွင်း၌ လူကိုယ်တိုင်တင်ဆက်သည့် ဖျော်ဖြေပွဲကျင်းပနိုင်လိမ့်မည်ဟု ကနဦး မျှော်လင့်ထားခဲ့သည်။ သို့သော် ယင်းမျှော်လင့်ချက်မှာ ယခုအထမြောက်ခြင်း မရှိတော့ပေ။ ၃၉ ရက်ကြာမြင့်မည့် အဆိုပါဖျော်ဖြေရေးခရီးစဉ်ကို မူလက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ကျင်းပရန် စီစဉ်ထားပြီး ယမန်နှစ် စက်တင် ဘာလတိုင်အောင် ဆက်လက်ကျင်းပမည်ဟု ရည်ရွယ်ထားခဲ့သည်။ ထို့ပြင် ဥရောပနှင့်မြောက်အမေရိကတို့တွင်လည်း ဆက်လက်ဖျော်ဖြေပြီး ဂျပန်နိုင်ငံတွင် နောက်ဆုံးဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရသည်။ ဟောင်ကောင်တွင် ကျင်းပမည့်အစီအစဉ်ကိုမူ ထည့်သွင်း ကြေညာခဲ့ခြင်းမရှိပေ။

 

 
Source: Bangkok Post
 
#ကေပေါ့ပ်
 
#BTS
 
#ဖျော်ဖြေပွဲ
 
#2020 Map of the Soul
 
#ကိုရီးယား
 
#လူငယ်အဆိုတော်
 
#cninews
 
#CNIMyanmar
 
#ChannelNewsIndependent