Ormax မီဒီယာကနေ ရရှိတဲ့ကိန်းဂဏန်းတွေအရ အဲဒီ ဟနုမာန်ကာတွန်းဇာတ်လမ်းတွဲဟာ စစချင်းပြသတဲ့ ၁၀ ရက်အတွင်းမှာပဲ ကြည့်ရှုမှု ၈ဒသမ၅ သန်းခန့်အထိ ဆွဲဆောင်အားကောင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အိန္ဒိယမှာ အအောင်မြင်ဆုံး Streaming Content နေရာကို ရယူသွားခဲ့ပါတယ်။
ဟနုမာန်ဒဏ္ဍာရီဟာ ပြီးခဲ့တဲ့ ၁၂ လတောက်လျှောက်ပြသခဲ့တဲ့ စုစုပေါင်းဇာတ်လမ်းတွဲ ၅ ပွဲ ပြသတဲ့အထဲက ၁ ပွဲဖြစ်ခဲ့ပြီး ကျန်တဲ့ ၄ ပွဲကတော့ Live-action ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ တင်ဆက်ပြသတဲ့ကုမ္ပဏီက ဒီဟနုမာန်ကာတွန်းဇာတ်လမ်းတွဲဟာ ကြည့်ရှုမှု သန်း ၂၀ ကျော်သွားလိမ့်မယ်လို့ ခန့်မှန်းနေပါတယ်။
လက်ရှိ အိန္ဒိယမှာ အခပေး Streaming ပလက်ဖောင်းတွေမှာ တခြားကာတွန်းဇာတ်ကားတွေ ပြသခဲ့တုန်းက ကြည့်ရှုသူ ၅ သန်းတောင် မရှိခဲ့ဘူးလို့ အဲဒီကုမ္ပဏီရဲ့အချက်အလက်တွေက ဆိုပါတယ်။
နယူးယောက်အခြေစိုက် ‘ဂရပ်ဖစ်အိန္ဒိယ’ ကို ပူးတွဲတည်ထောင်သူ ရှားရက်ဒီဝါရာဂျန်က “ဒါဟာ အိန္ဒိယမူရင်းကာတွန်းဇာတ်လမ်းတွေအတွက် အံ့ဩစရာမှတ်တိုင်တစ်ခုပါ။ ပြီးတော့ ပရိသတ်ရဲ့တုံ့ပြန်မှုကို ကျနော်တို့ အလေးအနက် ဦးညွှတ်မိပါတယ်” လို့ မှတ်ချက်ချခဲ့ပါတယ်။
ရှားရက်ဒီဝါရာဂျန်ဟာ အိန္ဒိယနဲ့အမေရိကန် နှစ်နိုင်ငံကြား ထုတ်လုပ်ဖြန့်ချိနေတဲ့ ကာတွန်း Animation ဇာတ်လမ်းတွဲလုပ်ငန်းရှင်တွေထဲမှာ အထူးထင်ရှားသူဖြစ်ပါတယ်။
ကလေးသူငယ်တွေအပြင် လူကြီးတွေပါ ကြိုက်နှစ်သက်စေတဲ့ ကာတွန်းဇာတ်ကားဈေးကွက်ဟာ အိန္ဒိယမှာ အခိုင်အမာတည်ရှီနေပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မိုဘိုင်းဖုန်း app တွေပေါ်ကနေ ရုပ်ရှင်ဇာတ်ကားတွေကို Streaming ဝင်ရောက်ကြည့်ရှုတဲ့အလေ့အထလည်း ခေတ်စားလာခဲ့ပါတယ်။
အခုအချိန်မှာဆိုတော့ ဒီဝါရာဂျန်ရဲ့ ကာတွန်းဇာတ်လမ်းတွဲဖန်တီးထုတ်လုပ်မှုကို ဟနုမာန်ဒဏ္ဍာရီနဲ့ မှတ်ကျောက်တင်ခံနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။
Source: deadline.com
#အိန္ဒိယ
#ဟနုမာန်ဒဏ္ဍာရီ
#The Legend of Hanuman
#ဒီဝါရာဂျန်
#CNImyanmar
#cninews
#ChannelNewsIndependent