မီလ်ဝါကီ၊ နိုဝင်ဘာ ၂၂
အမေရိကန်နိုင်ငံ၊ ဝစ္စကွန်းဆင်းပြည်နယ်၊ ဝါကီရှာစီရင်စု၊ မီလ်ဝါကီမြို့ဆင်ခြေဖုံး၌ ခရစ္စမတ်ချီတက်ပွဲသို့ SUV မော်တော် ယာဉ်တစ်စီး အရှိန်လွန်၍ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူကြီးနှင့်ကလေး ၂၀ ဉီးထက်မနည်း သေဆုံးသွားခဲ့ရကြောင်း အေပီ သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူအချို့ သေဆုံးခဲ့သော်လည်း အရေအတွက် တိတိကျကျ မပြောနိုင်သေးကြောင်း ဝါကီရှာရဲမှူး ဒန်သွန်ပဆင်က ရှင်းပြသည်။ SUV အမျိုးအစား မော်တော် ယာဉ်နှင့်အတူ လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းက ပြောကြားသော်လည်း ဖြစ်စဉ်အသေးစိတ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။
ဆန်တာကလော့ ဦးထုပ်များ ဆောင်းထားပြီး အဖြူရောင် ပန်းပွားအက ကနေသည့် မိန်းကလေးတစ်စု ထိခိုက်ခဲ့ပြီးနောက် ဗီဒီယိုဖိုင်တစ်ခုတွင် အမျိုးသမီးတစ်ဦးက “အို … ဘုရား သခင်” ဟု အထိတ်တလန့်ဖြင့် ထပ်တလဲလဲ ညည်းညူနေပုံကို တွေ့ရသည်။
အရွယ်ရောက်ပြီးသူ ၁၁ ဦးနှင့် ကလေး ၁၂ ဦး ဒဏ်ရာရခဲ့သဖြင့် မီးသတ်သမားများက အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင် ပေးခဲ့ပြီး ဆေးရုံများသို့ တင်ပို့ပေးခဲ့ကြောင်း မီးသတ်ဦးစီးမှူး စတီဗင်ဟိုဝပ်က ပြောသည်။ ဆေးရုံ တင်ပို့လိုက်ရသူ အရေ အတွက်တော့ လတ်တလော မသိရသေးပေ။
ပုံ- ခရစ္စမတ်ချီတက်ပွဲ၌ SUV ယာဉ်ဝင်တိုက်မိကိုတွေ့ရစဉ်။(AP)
အဆိုပါ ခရစ္စမတ်ချီတက်ပွဲမှ လူနာ ၁၅ ဦးကို လက်ခံခဲ့ကြောင်းနှင့် ဒေသစံတော်ချိန် ည ၈ နာရီအထိ သေဆုံးသူမရှိကြောင်း ဝစ္စကွန်းဆင်ပြည်နယ် ကလေးဆေးရုံက သတင်းထုတ်ပြန်သည်။
ဒဏ်ရာရသူများထဲတွင် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး၊ ခရစ်ယာန်ဘာသာဝင် အများအပြားနှင့် ဝါကီရှာကက်သလစ် ကျောင်းသူလေးများ ပါဝင်ကြောင်း မီလ်ဝါကီဘာသာရေးဂိုဏ်းချုပ်၏ ပြောခွင့်ရသူအမျိုးသမီး စန္ဒရာပီတာဆင်က ပြောကြား ခဲ့သည်။
လူအုပ်ထဲသို့ ဝင်တိုက်ခဲ့သည့် အဆိုပါ SUV မော်တော်ယာဉ်ကို ထိန်းသိမ်းထားကြောင်း စန္ဒရာပီတာဆင်က ဆက်လက် ပြော ကြားခဲ့သည်။ အခင်းဖြစ်ပွားရာ၌ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို ဝစ္စကွန်းဆင်းပြည်နယ် တရားရေးဌာန၏ အကူအညီဖြင့် ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
“ဒီနေ့ ဝါကီရှာအခင်းဖြစ်ပွားရာမှာ ပါဝင်ပတ်သက်တဲ့ လူတွေအနေနဲ့ တရားမျှတမှု ရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြည်နယ်၏ ထိပ်တန်း ဥပဒေစိုးမိုးရေးအရာရှိ၊ ရှေ့နေချုပ် ဂျိုစက်ကော်လ်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Source: AP