အောက်တိုဘာ ၂၊ ၂၀၂၁ ခုနှစ်

ဘရစ်တနီစပီးယားဟာ အခုဆိုရင် သူ့ရဲ့အသစ်တဖန် လွတ်လပ်မှုအောင်ပွဲအသင့်ဖြစ်နေပြီလို့ လူမှုကွန်ရက်မှာ ဆိုလိုက်ပါတယ်။

သူ့ဖခင် ဂျာမီးစပီးယားအနေနဲ့ ဘရစ်တနီရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ဆိုင်းငံ့ခံလိုက်ရပြီး နောက်တစ်ရက်မှာတော့ ပေါ့ပ်စတားဘရစ်တနီဟာ သူမနဲ့ စေ့စပ်ထားသူဖြစ်တဲ့ ဆမ်အက်ဂါရီနဲ့အတူ အားလပ်ရက်မှာ အဖော်အချွတ် ဓာတ်ပုံများစွာ ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်သို့တင်ကာ အောင်ပွဲခံခဲ့ပါတယ်။

“သာယာလှပတဲ့နေ့လေးအတွက် ဟောဒီနေရာမှာ အောင်ပွဲခံနေပါတယ်” လို့ ဘရစ်တနီက သူ့ဓာတ်ပုံမှာ ရေးသားလိုက်ပါသေးတယ်။ သူနဲ့ ဆမ်အက်ဂါရီတို့ အတူတွဲစီးလာတဲ့လှေကို ပြသတဲ့ထားတဲ့ ဗီဒီယိုကိုလည်း ဘရစ်တနီက လွှင့်တင်ခဲ့ပြီး ရေပတ်လည်ဝိုင်းနေတဲ့နောက်ခံနဲ့အတူ အောက်ပိုင်းဘီကနီကိုသာ ဝတ်ဆင် ထားပါတယ်။

“ပစိဖိတ်ဒေသမှာ လှုပ်ရှားတာဟာ ဘယ်သူ့ကိုမှ မထိခိုက်စေဘူး။ဒီပုံတွေကို ဘာမှတည်းဖြတ်ထားခြင်းမရှိပါဘူး။ ရေချိုးဇလုံနားက ကောက်ကြောင်းများ” လို့ ဘရစ်တနီက စာသားနဲ့ အရွှန်းဖောက်ထားပါတယ်။

သူ့ပို့စ်ထဲကို ဝင်ပြီးတော့ comment ရေး၊ သဘောထားမှတ်ချက်ပေးကြတဲ့ ပရိသတ်တွေက ဘရစ်တနီအနေနဲ့ တရားခွင်မှာ အောင်ပွဲရပြီး ဘဝကို အသာယာဆုံး ဖြတ်သန်းနေချိန်ဖြစ်တယ်လို့ အားပေးစကားဆိုခဲ့ကြပါတယ်။

“ မင်း အရမ်းပျော်ပြီး လွတ်လွတ်လပ်လပ်နေရတာကို မြင်ရတာ ကြိုက်တယ်” လို့ ပရိသတ်တစ်ယောက်က ရေးသားထားပါတယ်။

နောက်တစ်ယောက်ကလည်း “ဘရစ်တနီဟာ သူ့ပထမဆုံးနေ့မှာ အဖော်အချွတ်သုံးခဲ့လို့ ကျနော်လည်း စိတ်အားတက်ကြွမိပါတယ်” လို့ရေးထားပါတယ်။

ဘရစ်တနီစပီးယားနဲ့ ဆမ်အက်ဂါရီတို့ဟာ ထိန်းသိမ်းစောင့်ရှောက်ရေးတရားခွင်ကြားနာမှုမတိုင်ခင်မှာ အားလပ်ရက်ခရီးထွက်ခဲ့ကြတယ်လို့ သိရပါတယ်။