CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံကို ရောက်ရှိလာခဲ့ကြောင်း သိရ သည်။

အဆိုပါ ခရီးစဉ်အတွင်းမှာ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်မည့်အပြင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်မည်ဟု နစက ဘက်က ထုတ်ပြန်ခဲ့သည်။

အလားတူ နစကဥက္ကဋ္ဌနှင့်အတူ လိုက်ပါလာသော ပုဂ္ဂိုလ်များနှင့် စီးပွားရေး အပါအဝင် ကဏ္ဍပေါင်စုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေး ဆွေးနွေးကြမည်ဟုလည်း သိရသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားကို ရောက်လာစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ယခု သွားရောက်သည့် ခရီးစဉ်မှာ တတိယအကြိမ်မြောက် ဖြစ်ပြီး ပထမဆုံးအကြိမ်ကတော့ ၂၀၂၁ ခုနှစ်၊ ဇွန်လက နိုင်ငံတကာလုံခြုံရေးညီလာခံကို တက်ရောက်ရင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ်အနေဖြင့် ရုရှားနိုင်ငံရှိ ရွှေစည်းခုံပုံတူစေတီ ထီးတော်တင် ရင် ရောက်ရှိကာ ရုရှား အာကာသ အေဂျင်စီနှင့် နိုင်ငံပိုင် ရုရှားနျူကလီးယားအေဂျင်စီ Rosatom ကို သွား ရောက် လေ့လာခဲ့ပြီး နျူက လီးယား စွမ်းအင်အသုံးပြုရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ သေး သည်။

အလားတူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်သည်လည်း မြန်မာနိုင်ငံသို့ သြဂုတ် ၇ ရက်နေ့က ရောက်ရှိလာပြီး နှစ်နိုင်ငံ စီးပွားရေးနှင့် ကာကွယ်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။