CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည် ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားငွေကြေး ဈေးကွက်မှတဆင့် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထောက်ပံ့မှုကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှ မြန်မာနိုင်ှုံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲခြင်းနှင့် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၃၀၀၀ ကျော် ဈေးပေါက်နေသည်။

အလားတူ စက်သုံးဆီတွင်လည်း ၉၂ တစ်လီတာလျှင် ၂၆၀၅ ကျပ်ရှိပြီး ၉၅ တစ်လီတာလျှင် ၂၆၇၀ ကျပ် ရှိနေသည်။