CNI International News

နယူးယောက်၊ ဩဂုတ် ၁၈

အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ရေနံစိမ်းသိုလှောင်နိုင်ရေး ကျဆင်းမှုအတွက် အားထုတ်နေသဖြင့် ဩဂုတ် ၁၈ ရက် (ယနေ့) တွင် ရေနံဈေးနှုန်း အနည်းငယ်ပြောင်းလဲ၍ တည်ငြိမ်လာခဲ့ကြောင်း၊ ၎င်းတို့သည် ရုရှားမှ ရေနံအထွက်နှုန်းတက်လာပြီး ကမ္ဘာလုံးဆိုင်ရာ တုံ့ဆိုင်းကျဆင်းသွားမည်ကို စိုးရိမ်နေကြကြောင်း ရိုက်တာ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဘရန့်ရေနံစိမ်းဈေးသည် ယနေ့နံနက် ဂရင်းနစ်စံတော်ချိန် ၃ နာရီ ၄၇ မိနစ်၌ ၁၅ ဆင့်ဈေးပိုများလာခဲ့ပြီး တစ်စည်လျှင် ၉၃ ဒသမ ၈၀ ဒေါ်လာသို့ တက်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် (၀ ဒသမ ၂) တက်ခဲ့ကြောင်း၊ အမေရိကန်ရေနံစိမ်းဈေးမှာလည်း ၄ ဆင့်တက်၍ (ဝ ဒသမ ၁) ရာခိုင်နှုန်းဖြင့် ၈၈ ဒသမ ၁၅ ဒေါ်လာဈေး ပေါက်ကြောင်း သိရသည်။

ဘရန့်ဈေးနှုန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အနိမ့်ဆုံးသို့ တစ်ကြိမ် ကျဆင်းခဲ့သော်လည်း ယခင်ကာလအတိုင်း ဈေးနှုန်းမှာ ၁ ရာခိုင်နှုန်းထက် ပိုတက်လာခဲ့သည်။

စီးပွားရေးကျဆင်းမှုအလားအလာအတွက် စိုးရိမ်စရာ လှုံ့ဆော်ပေးသည့် အချက်အလက်များ ရင်းနှီးမြှုပ်နှံမှု များကြားသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ထိုအချက်အလက်များကြောင့် စွမ်းအင်လိုအပ်ချက်ကို ထိခိုက် နိုင်ကြောင်း ရိုက်တာက ဆက်လက်ရေးသားဖော်ပြသည်။

ဗြိတိန်စားသုံးသူဈေးနှုန်းဖောင်းပွမှုသည် ပြီးခဲ့သည့် ဇူလိုင်လတွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းသို့ ခုန်တက်ခဲ့သဖြင့် ၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အိမ်ထောင်စုအသီးသီးအတွက် ပိုမိုကျပ်တည်းလာစေခဲ့သည်။

ရေနံဈေးကွက်သည် နှစ်ပေါင်းများစွာတိုင်အောင် တင်းကျပ်သည့်အဝန်းအဝိုင်းထဲတွင် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း၊ ကာလတိုအတွင်း အတက်အကျရှိသော အထောက်အကူပြုမည့်အစီအစဉ်များကို ကြိုးစားရှာဖွေ နေကြောင်း ကနေဒါနိုင်ငံအခြေစိုက် RBC ရင်းနှီးမြှုပ်နှံမှုငွေကြေးလုပ်ငန်းမှ မိုက်ထရန်း (Mike Tran) က ပြောကြားခဲ့သည်။

“စီးပွားရေးတုံ့ဆိုင်းကျဆင်းမှုကို ကြောက်ကြတယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တရုတ်ဆီက ပြန်ရတာမျိုးလို တွန်းအားပေးမှု (ဒါမှမဟုတ်) ရုရှားဆီက ရောင်းလိုအား နှောင့်နှေးတာမျိုးကိုတော့ တွေ့ဖို့ ခဲယဉ်းပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆော်ဒီအာရေးဗျနိုင်ငံရှိ ရေနံထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို တွေ့ရစဉ်(ဓါတ်ပုံ-credit)

တင်းကျပ်သော Covid-19 အတားအဆီးများနှင့် လောင်စာဆီတင်ပို့မှု ထိန်းချုပ်မှုများကြောင့် အကန့်အသတ် ဖြင့်သာ ထုတ်လုပ်နိုင်ခဲ့သဖြင့် တရုတ်၏ သန့်စင်ပြီးရေနံထွက်ကုန်ပမာဏမှာ ပြီးခဲ့သည့် ဇူလိုင်လအထိ အားပျော့ နေခဲ့သည်။

ရောင်းလိုအားအနေဖြင့် ရုရှားသည် ပိတ်ဆို့အရေးယူမှုများနှင့် ဆက်နွှယ်လျက် ကန့်သတ်ခံရပြီးနောက် ရေနံ ထုတ်လုပ်မှုများကို တဖြည်းဖြည်း တိုးမြှင့်လာခဲ့သလို အာရှဝယ်လက်များထံမှ ဝယ်ယူသုံးစွဲမှု တိုးလာခဲ့သည်။

မော်စကိုသည် ၂၀၂၅ ခုနှစ်အကုန်ပိုင်းအထိ ၎င်း၏ထုတ်ကုန်နှင့်ပို့ကုန်အတွက် မျှော်မှန်းချက်များကို မြှင့်တင်ရန် အလေးပေးနေကြောင်း ရိုက်တာသတင်းဌာနမှ ရရှိထားသည့် ရုရှားစီးပွားရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများ တွင် ဖော်ပြထားသည်။

ရေနံတင်ပို့မှုပမာဏ တိုးလာခဲ့သဖြင့် စွမ်းအင်မှ ရရှိသော ရုရှားဝင်ငွေသည် ယခုနှစ်အတွင်း ၃၈ ရာခိုင်နှုန်း တက်လာနိုင်ဖွယ်ရှိကြောင်း၊ ပြည်တွင်းရောင်းလိုအားသည် မူလမျှော်မှန်းထားသလောက် ဈေးကွက် ထိခိုက်ခြင်း မရှိကြောင်း အဆိုပါစာရွက်စာတမ်းများအရ သိရသည်။

ဆော်ဒီအာရေဗျ၏ ရေနံစိမ်းတင်ပို့မှုသည် ပြီးခဲ့သည့် ဇွန်လတွင် တိုးတက်လာခဲ့ပြီး အထွက်နှုန်းမှာလည်း နှစ်နှစ်ကျော်အတွင်း ပိုမိုကောင်းမွန်လာကြောင်း စီးပွားရေးအချက်အလက်ဆိုင်ရာပူးပေါင်းအဖွဲ့ (Joint Organizations Data Initiative- JODI) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်၏ ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်း ရန် ဆွေးနွေးနေမှုတိုးတက်သည့်အခြေအနေကို စောင့်ဆိုင်းလျက်ရှိရာ နောက်ဆုံးတွင် အီရန်ရေနံတင်ပို့မှုလည်း အားကောင်းလာနိုင်သည်ဟု ရိုက်တာက ရေးသားထားသည်။

ရုရှားရေနံဈေး ပိုတက်လာခဲ့ခြင်း၊ တရုတ်ဝယ်လိုအားရှိနေခြင်းတို့ကြောင့် ယခုဩဂုတ်လအတွင်း အီရန်ရေနံ တင်ပို့မှုမှာလည်း ၃ ရက်ဆက်တိုက် တက်လာနိုင်ကြောင်း စီးပွားရေးအချက်အလက်များကို ကောက်ယူ စာရင်း ပြုစုသည့် ကုမ္ပဏီများက ပြောကြားခဲ့ကြသည်။

Source: Reuters