CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၇

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းများ လုပ်ငန်းရှင်များအသင်းမှ စီစဉ်ဆောင်ရွက်သည့် ဆေးဝါးများ လက်လီ/လက္ကားရောင်းချသည့် အစီအစဉ် အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ် ကမ်းနားလမ်း ဘက်မှာ အိမ်သုံးဆေးများ အပါ အဝင် ကိုဗစ်-၁၉ ကာကွယ် ကုသရာတွင် အသုံးပြုနိုင်သည့် ဆေးများကို ရောင်း ချ ပေးနေကြောင်း သိရသည်။

 

အဆိုပါ ရောင်းချမှုကို အလုံ၊ ကမ်းနားလမ်း Summit စားသောက်ဆိုင်အနီးရှိ Car Show Room တွင် သောကြာနေ့အထိ ရောင်းချပေးနေကြောင်း သိရသည်။