CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၆

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးနှင့် သက်ဆိုင်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများအား ကုမ္ပဏီမှ တိုက်ရိုက် ရောင်းဈေးဖြင့် လက်လီ/ လက္ကား ရောင်းချသည့် အစီစဉ်ကို ယနေ့ (သြဂုတ် ၁၆ ရက်)မှ စတင်ကာ တစ်ပတ်လျှင် ၅ ရက် ရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အလုံ မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းများအား ဝယ်ယူရန် လိုအပ်နေသူများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင် လက်မှတ် (DRC) ရရှိထားသော အရည် အသွေးမှန်ကန် စိတ်ချကောင်းမွန်သည့် ဆေးဝါးများအား တစ် နေရာတည်းတွင် တစ်စုတစ်စည်းတည်း လိုအပ်သလို ရှာဖွေဝယ်ယူနိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ပါဝင်ရောင်းချမည့်ပေးမည့် ကုမ္ပဏီများမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးတင်သွင်းခွင့် မှတ်ပုံ တင်လက်မှတ် (DIAC) ရရှိထားသော ကုမ္ပဏီကြီးများဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

#ကိုဗစ်၁၉

#ကုသရေးဆေးများ

#ရောင်းချပေးမယ်

#ကုမ္ပဏီတိုက်ရိုက်ဈေး

#ဆေးနှင့်ဆေးပစ္စည်း

#လုပ်ငန်းရှင်များအသင်း

#မြန်မာနိုင်ငံ

#CNImyanmar

#cninews

#ChannelNewsIndependent