CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

Master Card၊ VISA နှင့် UPI Prepaid Card များ၏ တစ်လတာ အများဆုံး အသုံးပြုနိုင်သည့် ပမာဏကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လျှော့ချလိုက်ပြီး နှုန်းထားအသစ်များ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဧပြီ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။

Prepaid Card ထုတ်ဝေခွင့်ကို တစ်လတွင် ကတ်တစ်ကတ်၏ အများဆုံး အသုံးပြုနိုင်သည့် ပမာဏကို ယခင်က အမေရိကန် ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားသော်လည်း ကန်ဒေါ်လာ ၂၅၀၀ အဖြစ် သတ်မှတ်ကာ ထက်ဝက်ခန့် လျှော့ ချလိုက်သည်။

အလားတူ Credit Card အသုံးပြုနိုင်တဲ့ ပမာဏကိုလည်း ကတ်အသုံးပြုသူရဲ့ ဝင်ငွေအပေါ် မူတည်၍ တစ်လ အများဆုံး အသုံးပြုနိုင်သည့် ကျပ်သိန်း ၅၀ မှ ကျပ် ၂၅ သိန်းကိုလည်းကောင်း၊ International Co-Brand Card များ ဖြစ်ကြသည့် MPU-UPI၊ MPU-JCB ကတ်များကိုလည်း အများဆုံး ကျပ် ၂၅ သိန်းသာ အသုံးပြုနိုင်‌တော့ မည်ဖြစ်‌ကြောင်း ဖော်ပြထားသည်။

Prepaid Card ၊ Credit Card ၊ Co-Brand Card တို့ ထုတ်ဝေခြင်း၊ ကတ် လက်ခံသုံးစွဲခြင်းနှင့် ပတ်သက်ပြီး အခြေအနေ၊ အချက်အလက်များကို ဗဟိုဘဏ်၊ စာရင်းအင်းဌာနကို ပေးပို့ရမှာဖြစ်ကြောင်း၊ အပတ်စဉ် သောကြာနေ့ရှိ ကတ်လုပ်ငန်း Position ကို နောက်တစ်ပတ် တနင်္လာနေ့ မနက် ၉ : ၃၀ နာရီ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။