CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၁၉

မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုအပေါ် စိတ်ပါဝင်စားမှု လျော့ကျလာကြောင်း၊ တပ်မတော်အုပ်ချုပ်နေသော တိုင်းပြည်ကို ဂျပန်ကုမ္ပဏီများ ကျောခိုင်းလာမှု၏ နောက်ဆုံးခြေလှမ်းဟု မှတ်ယူနိုင်ကြောင်း နစ်ကိုင်းအေးရှား သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ ကော်ပိုရေးရှင်းသည် အသုံးဝင်သော အရင်းအမြစ်များ လျော့နည်းလာခြင်းကြောင့် အမြတ်အစွန်း ကျဆင်းလာ၍ အပြောင်းအလဲများ ပြုလုပ်နေသည်။ ယခု ဖေဖော်ဝါရီလအထိ ပြီးခဲ့သည့် ၁၂ လ၌ ရေတပ်မှ စွမ်းအင်ယူခဲ့ခြင်းကြောင့် မစ်ဆူဘီရှီလည်း လုပ်ငန်းသတ်မှတ် ရွေးချယ်မှုကို အပြောင်းအလဲ လုပ်လာပုံရကြောင်း နစ်ကိုင်းအေးရှားက သုံးသပ် ရေး သားသည်။

မစ်ဆူဘီရှိကော်ပိုရှင်းက မြန်မာနိုင်ငံ၊ တောင်ဘက်ကမ်းရိုးတန်းရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းကို စိတ်ဝင်တစားဖြင့် ဆွေးနွေးမှုများ ရှိခဲ့ရာ ဂျပန်အာဏာပိုင်များနှင့် မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သည့် JX Nippon Oil & Gas Exploration နှင့် Eneos Holdings ၏ ယူနစ်ကြီးတစ်ခုဖြစ်သည့် JX Nippon Oil & Gas Exploration တို့တွင် မစ်ဆူဘီရှီ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန် စီစဉ်ခဲ့သည်။

မစ်ဆူဘီရှီကော်ပိုရေးရှင်း လုပ်ငန်းစဉ်ကိုတွေ့ရစဉ်

မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်သည့် ပက်ထရိုနာ့စ် (Petronas) သည် ရဲတံခွန်တွင် ၄၀ ဒသမ ၉ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံခဲ့ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဂျပန်က အစုရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင် နှုန်း အသီးသီး ပိုင်ဆိုင်ထားသည်။ ထိုနေရာမှ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့သည်။

မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် ၂၀၁၃ ခုနှစ်တွင် အဆိုပါလုပ်ကွက်၌ ပါဝင်ခဲ့သော်လည်း အသုံးဝင်သော အရင်းအမြစ်များ ကုန်ခမ်းခြင်းနှင့် နည်းပညာဆိုင်ရာ အကြောင်းများကြောင့် ယခုနှစ်ပိုင်းများတွင် ထုတ်လုပ်မှု ကျဆင်းခဲ့သည်။

ထိုကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံရှိ စက်မှုဇုန်များတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် အိမ်ခြံမြေ ကုမ္ပဏီများနှင့်အတူ ပူးပေါင်းလုပ်ကိုင်မှုများလည်း လျှော့ချလာနိုင်ကြောင်း သိရသည်။

အလားတူ ဂျပန်၏ Kirin Holdings သည် ယမန်နှစ် ဇွန်လနှောင်းပိုင်းတွင် တပ်မတော် ကျောထောက် နောက်ခံပြု လုပ်ဖော် ကိုင်ဖက်တစ်ဦးနှင့် သုံးလမ်းပူးပေါင်းကိုင်နေသည့် ဘီယာချက်လုပ်ငန်းတစ်ခုမှ ၎င်း၏ ရှယ်ယာအားလုံးကို ဖျက်သိမ်းရန် ကြိုးစားခဲ့သည်။ Kirin သည် မြန်မာနိုင်ငံဈေးကွက်ကို များမကြာ စွန့်ခွာတော့မည်ဖြစ်ကြောင်းလည်း ယခု သီတင်းပတ် အစောပိုင်းက ကြေညာခဲ့သည်။

Source: Nikkei Asia