၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားမှုမရှိတော့ပဲ နယ်မြေအေးချမ်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော် လည်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ကျဆင်းနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် ၃၄၀၀၀ ကျော် ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ပြည်ပခရီးသွားဧည့်သည် ၂၀၀၀ ကျော်သာ ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ငပလီကမ်းခြေဒေသသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်ခဲ့မှုသည် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်၌ ၁၉၀၀၀ ကျော် လျော့နည်းနေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ငပလီရုံးခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်ပနိုင်ငံသား ငပလီကို လာလည်တာကတော့ ပြီးခဲ့တဲ့ ၂၀၂၁ မှာတော့ ၁၂၀၀ ကျော်ပဲ ရှိပါတယ်။ ၂၀၂၀ တုန်းက ၂၁၁၆၁ ယောက်အထိဆိုတော့ အကြမ်းဖျင်းဆိုတော့ ဟိုဟာလောက် လျော့နည်းနေတာပေါ့၊ ၁၉၉၄၆ ယောက်ဆိုတော့ နှစ်သောင်း နီးပါးလောက်ပေါ့။ "ဟု ပြောသည်။

ရခိုင်ပြည်နယ်သို့ နှစ်စဉ် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိသော်လည်း လက်ရှိတွင် လျော့နည်း နေခြင်းကြောင့် ပြည်နယ်အတွင်းရှိ ဟိုတယ်အများစုမှာ ပိတ်ထားရသည့် အခြေအနေဖြစ်နေကြောင်း၊ နာမည်ကြီး ဟိုတယ် များလည်း ပါဝင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

ပုံ-မြောက်ဉီးဒေသကိုတွေ့ရစဉ်။

ထို့နောက် ပိတ်ထားရဆဲ ငပလီကမ်းခြေဒေသရှိ ဟိုတယ်တစ်ခုမှ မန်နေဂျာတစ်ဦးက ပြည်ပခရီးသွားများကို အားထားနေရ သည့် ဟိုတယ်ဖြစ်ရာ ပြည်ပခရီးသွား မရှိသည့်အတွက် အဆင်မပြေကြောင်း CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငပလီမှာကျတော့ ပြည်ပခရီးသွားကို ပိုပြီးတော့ အားထားရတာပေါ့။ ဒီမှာကျတော့ ကုန်ဈေးနှုန်းတွေကလည်း ဈေး ကြီး အစစအရာရာ ဈေးကြီးတယ်ဆိုတော့လေ။ ပြည်တွင်း ခရီးသွားကြတော့ ဒီဘက်က အဲလောက်ထိ ငပလီကျတော့ ခရီး သွားရတာလည်း ဝေးတယ်။ ကုန်ဈေးနှုန်းကလည်း ကြီးတယ်။ အခန်းခတွေလည်း ကြီးတော့ ပြည်တွင်း ခရီးသွားတွေကို အဲလောက်ထိ မမျှော်မှန်းနိုင်ဘူးပေါ့နော်။ ပြည်ပခရီးသွားကို မျှော်မှန်းတာ ပိုပြီးတော့ ထောက်ပံ့မှု ရှိတာကိုး” ဟု ပြော သည်။

ရခိုင်ပြည်နယ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု မရှိသည့်အတွက် ဝန်းထမ်း အများအပြားကို အလုပ် နားထားလိုက်ရသည့် ဟိုတယ်များလည်း ရှိနေကြောင်း သိရသည်။

ပုံ-ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ရခိုင်ပြည်နယ်သည် ပြည်မနှင့် ထိဆက်နေခြင်းကြောင့် ပြည်မ အေးချမ်းမှ ခရီးသွား လာရောက်နိုင်မည်ဖြစ်ကြောင်း CNI သို့ ပြောသည်။

၎င်းက “ဦးတို့ ရခိုင်ပြည်နယ်က တစ်ခုတည်း ရပ်တည်လို့မှ မရတာ။ ရခိုင်က ရန်ကုန်နဲ့ ဆက်နေတယ်။ ရခိုင်က မန္တလေးနဲ့ ဆက်နေတယ်။ ရခိုင်က ပြည်နဲ့ ဆက်နေတယ်။ အဲတော့ ပြည်မက အေးအေးချမ်းချမ်းရှိဖို့လည်း လိုသေးတာပေါ့။ အေးချမ်း မှုရှိမှ ခရီးထွက်မှာလေ။ မအေးချမ်းရင် ဘယ်ခရီးထွက်မှာလဲ။ ဒါလည်း ရှိသေးတာကိုး”ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမရှိတော့သည့်အတွက် ဒေသတွင်း ခရီးသွားလာမှုများ ပြန်လည်ဖွံ့ဖြိုးလာ ရေးမျှော်လင့်နေကြသည်။

၂၀၂၁ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ပြည်တွင်းခရီးသွား ၅၆၂၆၅ ဦး၊ ပြည်ပခရီးသွား ၂၇၀၄ ဦး ဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည် နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သို့သော် ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းများ ထိခိုက်လျက်ရှိနေကြောင်း သိရသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- ခရီးသွားဝင်ရောက်မှု နည်း၍ ဟိုတယ်တချို့ ပြန်လည်ရောင်းချနေ

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- နယ်စပ်ဖြတ်ကျော် လည်ပတ်လိုကြောင်း ဆက်သွယ်မှုများရှိဟု ဟိုတယ်/ခရီးပြော

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- ခရစ္စမတ်နှင့်နှစ်သစ်ကူး ရုံးပိတ်ရက် ငပလီရှိ ဟိုတယ်အခန်းများပြည့်နေ

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- ရခိုင်ပြည်နယ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၆၀ ရာခိုင်နှုန်းကျော် ပြန်ဖွင့်

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရန် ခက်ခဲနေသေး

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံမှ ၁ ရက်တာ အလည်အပတ်ခရီး ဖွင့်ပေးရန် စီစဉ်နေ

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- လုံခြုံရေး အာမမခံနိုင်သေးသရွေ့ နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်အားကောင်းလာနိုင်

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -- တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်စုစုပေါင်း ထက်ဝက်ကျော် ဖွင့်လှစ်လာ