CNI International News
တိုကျို၊ နိုဝင်ဘာ ၂၂
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ အစိုးရအဖွဲ့သည် ယန်း ၂၁ ဒသမ ၃ ထရီလျံ (ဒေါ်လာ ၁၃၅ ဒသမ ၄၀ ဘီလျံ) တန်ဖိုးရှိ စီးပွားရေးလှုံဆော်မှု အစီအစဉ်ကို နိုဝင်ဘာ ၂၁ ရက်က အတည်ပြု ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအတည်ပြုချက်အရ ဘဏ္ဍာရေး အစီအမံများကို တိုးမြှင့်မည်ဟု ကတိပြုထားသည့် တာအာအီချီ၏ ပထမဆုံး မူဝါဒ အစီအစဉ်တစ်ခု ဖြစ်သည်။
စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်အရ အထွေထွေ အသုံးစရိတ် ယန်း ၁၇ ဒသမ ၇ ထရီလျံ ပါဝင်သည်။
ထိုပမာဏသည် လွန်ခဲ့သည့်နှစ်က အထွေထွေ အသုံးစရိတ် ယန်း ၁၃ ဒသမ ၉ ထရီလျံထက် ပိုမိုများပြားခဲ့သည်။
ထို့ပြင် ယခုစီးပွားရေး လှုံ့ဆော်မှု အစီအစဉ်သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အကြီးမားဆုံး စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်ဖြစ်ပြီး ယန်း ၂ ဒသမ ၇ ထရီလျံ အခွန်လျှော့ချမှုလည်း ပါဝင်သည်။

ဂျပန်နိုင်ငံသားတွေကို တွေ့ရစဉ်
အများစုကမူ ဂျပန်၏ ဆိုးရွားနေသည့် ဘဏ္ဍာရေး အခြေအနေကို စိုးရိမ်နေကြပြီး တာအာအီချီ၏ များပြားသည့် ဘတ်ဂျက် အစီအစဉ်သည် အခြေအနေကို ပိုဆိုးလာစေနိုင်ကြောင်း ပြောကြားခဲ့သည်။
တာကာအီချီကမူ ၎င်း၏ အစီအစဉ်သည် ဂျပန်၏ ရေရှည် ဘဏ္ဍာရေး ခိုင်မာမှုကို ထည့်သွင်းစဉ်းစား ပေးမည် ဖြစ်ပြီး အစိုးရအဖွဲ့သည် အခွန်မှရရှိသည့် ဝင်ငွေများကို ပိုမို အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘတ်ဂျက်အတွက် လုံလောက်မှုရှိစေရန် အစိုးရက ငွေတိုက်စာချုပ်များ ရောင်းချသွားမည်ဟုလည်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျပန်အစိုးရအဖွဲ့သည် ကနဦး ဘတ်ဂျက်ကို ထိန်းညှိရန်အတွက် နောက်တိုး ဘတ်ဂျက် (supplementary budget) နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုရန် စီစဉ်ထားပြီး ထိုဘတ်ဂျက်ကို ယခုနှစ် ကုန်ပိုင်း၌ လွှတ်တော်၏ အတည်ပြုချက်ရရှိရန် မျှော်လင့်ထားသည်။
Source: ရိုက်တာ
