CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို အခွန်တိုးကောက်မည့် အခြေအနေနှင့် ပတ်သက်ပြီး အကြောင်းကြားစာ ပေးပို့ခဲ့သည့်အပေါ် ပြန်လည်၍ ညှိနှိုင်းသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သမ္မတထရမ့်၏ စာထဲတွင် မြန်မာနိုင်ငံ၏ သွင်းကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်က သွင်းကုန်များအပေါ် ဖြေလျှော့ပေးရန်၊ အမေရိကန်မှာ မြန်မာ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်ကြောင်း ပြောကြားထားသည်ဟု ၎င်းက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ပြော သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထား အနေနဲ့ကတော့ နံပါတ်တစ် ကတော့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ် အချက် အနေနဲ့ကတော့ ဒီညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမယ်လို့ မျှော်လင့်ပါ တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်သည် ကုန်သွယ်မှု ပမာဏအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိပြီး ၂၀၂၄-၂၀၂၅ မှာတော့ အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်း ကျော် ရှိကြောင်း ၎င်းက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာသို့ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံ မည့် အကြောင်းကို စာများ အသီးသီး ပေးပို့ အကြောင်းကြားခဲ့သည်။