CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ လုပ်ခလစာငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရား ဝင် သတ်မှတ်ပေးထားသည့် ဘဏ်များကနေ မိသားစုထံ ငွေလွှဲပို့ပါက တစ်နှစ်လျှင် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင် ကယ် တစ်စီနှုန်း တင်သွင်းခွင့်ပြုမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်း ကြောင်းမှတဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ် အနေဖြင့် (က) ပုံမှန် လစာရရှိသူများ (သင်္ဘောသား များအပါအဝင်) တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုး နှင့်ညီမျှသော လျှပ်စစ်သုံး မော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ (ခ) ပုံမှန်လစာ ရရှိသူများမှအပ အခြားဝင်ငွေ ရရှိသူများ တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုး နှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့် ပြုမည်ဟု ဗဟိုဘဏ်က အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားငွေများကို ဘဏ်ကနေလွှဲပို့နေစဉ်
အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့် မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မိသားစုများထံသို့ လုပ်ခလစာငွေ လွှဲပို့မည်ဆိုပါက ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှဲနှုန်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ (Remitt ance Business License- RBL)ကုမ္ပဏီစာရင်း၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များစာရင်းကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။