CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု လုပ်ဆောင်ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ထိုသို့ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။
သို့သော် မြန်မာ့စီးပွားရေးဘဏ် (MEB)သည် ပိတ်ဆို့ခံထားရသည့် ဘဏ်နှစ်ခုထက် နိုင်ငံခြားငွေလွှဲပြောင်းမှုများ၊ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံခြင်းများ မရှိသောကြောင့် အကယ်၍ ပိတ်ဆို့ခံရပါကလည်း အဆိုးထဲမှ ပိုဆိုးစရာ မရှိကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “MICB ဆိုတာ commercial investment သွားတာပေါ့။ MFT ကြတော့ Foreign Trade ကို သွားတာပေါ့။ Foreign currency transition ရှိတာပေါ့ သဘောက။ MEB အနေနဲ့က Foreign currency transition မရှိဘူးပေါ့။ ရှိနေနိုင်လည်း ရှိနေနိုင်မှာပေါ့ ကျနော်သိသလောက်တော့ မရှိဘူးပေါ့။ ဒီ ၃ ခု နှိုင်းယှဉ်ရင်တော့ MICB commercial ဆိုင်တာကို။ ဟိုဘက်ကလည်း Foreign Trade ဆိုတော့ ဒီ ၂ ခုကတော့ sanctions ဘာညာဆိုရင် ထိတာပေါ့။ MEB ကတော့ ဟို ၂ ခုလောက် ထိစရာအကြောင်းမရှိဘူးပေါ့။ အဆိုးထဲကနေ ပိုဆိုးစရာ အကြောင်း မရှိဘူးပေါ့။ ယေဘုံယျအားဖြင့်တော့ လုပ်ငန်းသဘောအရကြည့်ရင်တော့ အဓိကတော့ MFTB နဲ့ MICB တို့ လုပ်ရ မှာပေါ့ Foreign trade ဆိုရင်တော့ MFTB ပေါ့။ investment ဆိုရင် Local ဖြစ်ဖြစ် Foreign ဖြစ်ဖြစ် MICB နဲ့ transit လုပ်ရမှာပေါ့။ ဟိုတုန်းကတော့ အဲဒီလိုသွားခဲ့တာ အခုနောက်ပိုင်းတော့ procedure တွေပြောင်းလား မပြောင်းလား မသိတော့ဘူး။ ရှိခဲ့ရင်တောင်မှ ဟို ၂ ခုလောက် မများဘူးပေါ့လေ။ တအားကြီး စိုးရိမ်စရာမျိုးတော့ မဟုတ်ဘူးပေါ့” ဟု ပြောသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)ကို တွေ့ရစဉ်
နစကထံသို့ နိုင်ငံခြားငွေ ဝင်ရောက်မှုကို ကန့်သတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှု လုပ်ဆောင်ထားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်း၊ လေကြောင်းလိုင်းများ၊ ခရီးသွား လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ် ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများသည် ငွေပေးချေခြင်းနှင့် အခွန်ပေးဆောင်မှုများ လုပ်ဆောင်ရာတွင် MICB ဘဏ်နှင့် MFTB ဘဏ်များဖြင့်သာ ချိတ်ဆက်ထားခြင်းဖြစ်သည်။
ထိုကဲ့သို့ မြန်မာ့စီးပွားရေးဘဏ်ကိုပါ ပိတ်ဆို့မှု ပြုလုပ်မည်ဆိုပါက အစိုးရပိုင် ငွေကြေးလွှဲပြောင်းမှု ကိစ္စများမှာ ဒုက္ခရောက်နိုင်ကြောင်း သုံးသပ်ကြသည်။
ကုန်သွယ်မှုဆိပ်ကမ်းကို တွေ့ရစဉ်
ထို့ကြောင့် လာမည့် နိုဝင်ဘာတွင် နစကဥက္ကဋ္ဌ တရုတ်သို့သွားမည့် ခရီးစဉ်သည် ထိုအခြေအနေများအား ရှောင်ရှားရန်အတွက်လည်း ဖြစ်နိုင်ကြောင်း၊ အခြား ပြည်တွင်းတည်ငြိမ်ရေးများလည်း ပါနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငွေရေးကြေးရေး အရရော၊ တခြားကုန်ပစ္စည်းတွေဘာတွေ အရရော international က sanctions တွေ စလာပြီပေါ့။ အရင် ဒီ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အစိုးရဘဏ် MFTB နဲ့ MICB ကို sanctions လုပ်တယ်။ အခုဒီ မြန်မာ့စီးပွားရေးဘဏ်ကိုပါ sanctions လုပ်မယ်ဆိုရင် financial transaction ကတော်တော် ဒုက္ခ ရောက်မယ်။ အစိုးရပိုင်ပေါ့လေ။ ဘာလို့ဆို ဒါက အစိုးရဘဏ်။ ဆိုတော့ အဲဒီဟာကို ရှောင်ရှားဖို့အတွက် ဘာပဲ ပြောပြော ခြေကုပ်တစ်ခုရှာရမယ်။ အဲဒီအတွက်လည်း ပါကောင်းပါနိုင်တယ်။ အရန်ငွေတွေ ထုတ်ရောင်းနေရ တယ်။ ထုတ်ပြီးတော့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးတို့ကို ပံ့ပိုးနေရတယ်။ ဆိုတော့ အရန်ငွေလည်း တဖြေးဖြေး နဲ့ ပါးလာတဲ့သဘောရှိတယ်။ အဲဒါအတွက်လည်း ချေးငွေတို့ grant တို့ သွားပြီး ညှိတဲ့သဘောရှိပါတယ်” ဟု ပြော သည်။
မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်ကြီးဖြစ်ပြီး ကူးသန်းရောင်းဝယ် ရေး၊ ဘဏ်လုပ်ငန်း၊ အစိုးရငွေတိုက်ဘဏ်လုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်းများနှင့် အခြားငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို ဘဏ်ခွဲပေါင်း ၃၃၅ ခု ဖြင့် ပြည်တွင်း၊ ပြည်ပဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။