CNI International News

ခတ္တမန္ဒူ၊ ဇွန်လ ၂၀ 

တောင်အာရှဒေသမှ သေးငယ်သည့် ကျွန်းနိုင်ငံဖြစ်သည့် မော်လ်ဒိုက်သည် တရုတ်၏ ချေးငွေများနှင့်ပတ်သက်ပြီး အခြားနိုင်ငံများနှင့် သံတမန်ရေးရာ အဖုအထစ်များကို ရင်ဆိုင်ဖြေရှင်း နေရသကဲ့သို့ လက်ရှိတွင် နီပေါနိုင်ငံသည် လည်း မော်လ်ဒိုက်ကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်နေရသည်ဟု Truth My သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ သည်။

မော်လ်ဒိုက်သမ္မတ နာရှစ် (Nasheed) သည် တရုတ်သံအမတ်နှင့် သဘောထားချင်း မတိုက်ဆိုင်မှုများ ရှိနေသည့် တိုင် တရုတ်နှင့် အခင်အမင် မပျက်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သော်လည်း မော်လ်ဒိုက်အား ထုတ်ချေးပေးသည့် တရုတ်၏ ချေးငွေများနှင့်ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုများတွင် အငြငးပွားမှုများ ရှိနေခဲ့ သည်။

နီပေါနိုင်ငံတွင်လည်း မကြာသေးမီက တရုတ်သံအမတ်နှင့် နီပေါ ဂျာနယ်လစ် တစ်ဦးအကြား အွန်လိုင်းပေါ်တွင် ငြင်းခုန်ဆွေးနွေးမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်သည် နီပေါနိုင်ငံအပေါ် ရန်မူသည့် မဟာဗျူဟာများ ချမှတ်ခဲ့ သည်။

နီပေါဂျာနယ်လစ်ဖြစ်သည့် ဂါဂျန်ဒရာ ဘူဟတ်ဟိုကီ (Gajendra Budhathoki) က တရုတ်အစိုးရသည် နီပေါအား ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေဟူသည့် အမည်ဖြင့် အတိုးနှုန်းများ အဆမတန် ကောက်ယူနေကြောင်း လူမှုမီဒီယာပေါ် တွင် စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဆောင်း (Chen Song) ကမူ ထိုစွပ်စွဲချက်ကို လက်မခံနိုင်ကြောင်းနှင့် လူသိရှင်ကြား ပြန်လည်တောင်းပန်ရန် ဘူဟတ်ဟိုကီကို တောင်းဆိုခဲ့သည်။

ဘူဟတ်ဟိုကီကမူ နီပေါသည် တရုတ်နိုင်ငံမှ ချေးငွေများကို တရားဝင် သတ်မှတ်နှုန်းထားထက် ပိုမိုများပြားသည့် အတိုးနှုန်းများနှင့် ရယူခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မော်လ်ဒိုက်သမ္မတကို တွေ့ရစဉ်

တရုတ်သံအမတ် ချန်ကမူ ထိုပြောကြားချက်များသည် မှားယွင်းကြောင်း တုန့်ပြန်ခဲ့သည်။

နီပေါနိုင်ငံရှိ ဂျာနယ်လစ်အချို့နှင့် သံတမန်အချို့ကမူ တရုတ်သံတမန်၏ မှတ်ချက်စကားများကို ဝေဖန်ခဲ့ပြီး တရုတ်သံတမန်၏ ပြောကြားချက်များသည် သံတမန်ရေးရာ စံသတ်မှတ်နှုန်းများထက် ကျော်လွန်နေကြောင်း ယူဆခဲ့ကြသည်။

တရုတ်၏ အိမ်နီးချင်းဖြစ်သည့် နိုင်ငံငယ်ဖြစ်သော နီပေါသည် ပြည်တွင်းတွင် အခြားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေ ရသည့်တိုင် ၎င်း၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ထံမှ ချေးငွေအများအပြားကို ရယူခဲ့သည်။

ထိုချေးငွေ ပမာဏအများအပြားကြောင့် နီပေါသည် သီရိလင်္ကာနှင့် ပါကစ္စတန်ကဲ့သို့ အခြားနိုင်ငံများ တွေ့ကြံခဲ့ရသည့် ကြွေးမြီအကျပ်အတည်းကို ကြုံတွေ့လာရနိုင်ခြေရှိကြောင်း စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။

Source: Truth My