ဘေရွတ် စက်တင်ဘာ ၁၂
တယ်လီနောမြန်မာကို ဝယ်ယူရန် သဘောတူညီမှုရထားသည့်လုပ်ငန်းရှင်သည် ယခုအခါ လက်ဘနွန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်အရ သိရသည်။
လက်ဘနွန်နိုင်ငံတွင် ယမန်နှစ်က ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အစိုးရဟောင်းနေရာကို လက်ရှိအစိုးရသစ်က တာဝန်ယူလိုက်ပြီဖြစ်ပြီး ဝန်ကြီးချုပ်သစ်အဖြစ် နာဂျစ် မီကာတီ တက်လာပြီဖြစ်သည်။
၎င်းသည် လက်ဘနွန်နိုင်ငံမှာ အချမ်းသာဆုံးဖြစ်ပြီး ၎င်းထူထောင်သည့် M1 Group လုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံမှ တယ်လီနောဖုန်းကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းကို ယခုနှစ် ဇူလိုင်လက ဝယ်ယူရန် သဘောတူညီချက် ရရှိထားကြောင်း သိရသည်။
တယ်လီနောမြန်မာသည် အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ပြန်လည်ရောင်းချမည်ဖြစ်သည်။ ဘေရွတ်အခြေစိုက် M1 Group လုပ်ငန်းစုသည် မြန်မာနိုင်ငံ၏ အဓိကဆက်သွယ်ရေးအော်ပရေတာ ၄ ခုအနက်တစ်ခုကို ထိန်းချုပ်နိုင်မည်ဟုဆိုသည်။
နာဂျစ်မီကာတီ ဝန်ကြီးချုပ်သစ်ဖြစ်လာပြီး အစိုးရသစ်၏အဖွဲ့ဝင်များလည်း ရွေးချယ်နိုင်ခဲ့ခြင်းသည် လက်ဘနွန်နိုင်ငံရေး အကျပ်အတည်း လပေါင်းများစွာ ဖြစ်နေမှုလည်း အဆုံးသတ်ခဲ့သည်။
ယမန်နှစ် သြဂုတ်လ ၄ ရက်က ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ ထိုစဉ်က လက်ဘနွန်ဝန်ကြီးချုပ်ဖြစ်သူ ဟာဆန်ဒီယက်က ရက်ပိုင်းအတွင်း နုတ်ထွက်ခဲ့ပြီး ကတည်းက လက်ဘနွန်အစိုးရအနေဖြင့် ရေရေရာရာမရှိခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။